မန္တလေး ၂၄ ဇူလိုင်
မေး။ လတ်တလောမှာဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ မိုးလေဝသအခြေအနေနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။
ဖြေ။ ဒီနေ့ ဇူလိုင်လ ၂၄ ရက်နေ့မှာ ကြည့်တဲ့အခါကျတော့ ၂၄ နာရီအတွင်း မိုးအများဆုံးရွာ ဒေသတွေမှာ ရခိုင်ပြည်နယ်၊ မုတ္တမကွေ့၊ မွန်၊ တနင်္သာရီ ကမ်းရိုးတန်းဒေသကြီး၊ ကရင်ပြည်နယ်တွေမှာ တွေ့ရတယ်။ တနင်္သာရီတိုင်လို နေရာမျိုးတွေမှာဆိုရင် ၂၄ နာရီအတွင်းမှာ မိုးရေချိန် ၃ လက်မနှင့်အထက် နေရာကွက်ပြီး မိုးကြီးခဲ့တဲ့ အနေအထားမျိုးတွေ့ရတယ်။ ဒီနေ့အတွက် ဇူလိုင်လ ၂၄ ရက်နေ့အတွက် အများဆုံး မိုးရွာသွန်းခဲ့တဲ့ အနေအထားကတော့ ၂၄ နာရီအတွင်းမှာဆိုရင် ဘီးလင်းမြို့မှာဆိုရင် ၇ ဒသမ ၇၂ လက်မရွာခဲ့တဲ့ အနေအထားမျိုးတွေ့ရပြီးတော့ ရခိုင်ပြည်နယ် အမ်းမြို့မှာဆိုရင် ၆ ဒသမ ၉၇ လက်မ၊ ကျောက်တော်မြို့မှာဆိုရင် ၆ ဒသမ ၈၁ လက်မ၊ တောင်ကုတ်မြို့မှာဆိုရင် ၆ ဒသမ ၇၇ လက်မ၊ သထုံမြို့၊ အပေါင်မြို့၊ ဘုရားသုံးဆူ၊ မြောက်ဦး၊ ရေး အဲ့ဒီမြို့တွေမှာ မိုးရေချိန် ၄ လက်မကျော် ရွာခဲ့တယ်ဆိုတော့ မုတ်သုံလေ အားကောင်းနေခဲ့တဲ့ လက္ခဏာမျိုး တွေ့ရှိရပါတယ်။
မေး။ မုတ်သုံလေ ဘာကြောင့်ဖြစ်ပေါ်လာလဲဆိုတာ သိပါရစေ။
ဖြေ။ ကျွန်တော်တို့ မုတ်သုံလေဆိုတာ အဓိကအားဖြင့်တော့ ရာသီမှန်တိုက်လေဖြစ်တယ်။ နေနဲ့ ကမ္ဘာရဲ့ ရွှေ့လျားလည်ပတ်မှုနဲ့ အပူရှိန် နေရောင်ခြည်ရရှိမှုကြောင့် ကမ္ဘာ့တိုက်လေစီးကြောင်းနဲ့ လေဖိအားစနစ်တွေကြောင့် ဖြစ်ပေါ်လာတယ်။ တောင်ကမ္ဘာခြမ်း မြောက်ကမ္ဘာခြမ်း အပူရှိန်ကွာဟမှုကြောင့် ဖြစ်ပေါ်လာတဲ့အခါ လေဖိအားအနည်းအများကြောင့် မြောက်ကမ္ဘာခြမ်း နွေရာသီဖြစ်တယ်။ ဒါကြောင့်မလို့ တောင်ကမ္ဘာခြမ်းက ဆောင်းလေတွေ မြောက်ကမ္ဘာခြမ်းဖက်ကို လာပြီးတိုက်ခတ်တဲ့အတွက်ကြောင့် ရာသီမှန် အနောက်တောင် မုတ်သုံလေဆိုပြီးတော့ အရှေ့တောင်အာရှတွေမှာ အထူးသဖြင့် ထင်ရှားတယ်။ မြန်မာ့မုတ်သုံလေဟာဆိုရင် ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်ပြင်နဲ့ အတူပေါ့ ရေအရင်းအမြစ် ပင်လယ်ရှိတဲ့အတွက် ကျွန်တော်တို့နိုင်ငံရဲ့ အလွန်ကောင်းမွန်တဲ့ သဘာဝအခြေအနေ ရှိတဲ့အတွက်ကြောင့်မလို့ မုတ်သုံကာလအတွင်းမှာ မေလကနေ စက်တင်ဘာလလောက်အထိ ကာလအတွင်းမှာဆိုရင် တစ်နှစ်ပတ်လုံး ရွာသွန်းတဲ့ မိုးရေချိန်ရဲ့ ကမ်းရိုးတန်းဒေသတွေမှာဆိုရင် ရာခိုင်းနှုန်း ၉၀ လောက်ထိရွာပြီးတော့ ကျွန်တော်တို့ အညာဒေသတွေမှာဆိုရင် ၇၀ ရာခိုင်နှုန်းလောက်ထိရွာတဲ့ အနေအထားမျိုးရှိပါတယ်။
အညာဒေသတွေမှာဆိုရင်တော့ တစ်နှစ်ပတ်လုံးမိုးရေချိန် လက်မ ၄၀ ပတ်ဝန်းကျင်လောက် တော့ရှိတယ်။ အဲ့ဒီလက်မ ၄၀ ရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကတော့ အညာဒေသတွေမှာ မေလကနေ စက်တင်ဘာလလောက်အထိ ရွာတာဖြစ်ပါတယ်။
ကမ်းရိုးတန်းဒေသတွေကျတော့ မိုးရေချိန်လက်မ ၁၂၀ လောက်ကနေ ၂၀ဝ လောက်အထိရွာတဲ့ အနေအထားမျိုးမှာလည်းပဲ တစ်နှစ်ပတ်လုံး မိုးရေချိန်ရဲ့ ၉၀ ရာခိုင်နှုန်း အနောက်တောင်မုတ်သုံလေကြောင့်ရတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာ့ကမ်းရိုးတန်းကို ကြည့်မယ်ဆိုရင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနဲ့ ကျန်တဲ့ ရခိုင်ကမ်းရိုးတန်း၊ မွန်၊ တနင်္သာရီကမ်းရိုးတန်း ဒေသကတော့ တောတောင်ထူတပ်တယ်၊ တောင်တက်မိုးတွေ အများကြီးရွာသွန်းတဲ့ အတွက်ကြောင့်မလို့ အနောက်တောင်လေက ပြင်းပြင်းလေး ပေ ၁၀ဝဝ၊ ၂၀ဝဝ၊ ၃၀ဝဝ၊ ၄၀ဝဝ၊ ၅၀ဝဝ၊ မြေပြင်ကနေ ပေ ၅၀ဝဝ၊ ၁၀ဝဝဝ လောက်၊ အနိမ့်ပိုင်းတွေမှာ အနောက်တောင် မုတ်သုံလေတိုတ်ခတ်မှု ပြင်းထန်တယ်ဆိုလို့ရှိရင်လည်း ကမ်းရိုးတန်းဒေသတွေမှာ မိုးရွာသွန်းမှု အလွန်ပင်များပြားတဲ့ အနေအထားမျိုး ကြမ်းကြမ်းတမ်းတမ်းရွာတယ်။ မိုးကြီးတဲ့အနေအထားမျိုး ရှိပါတယ်။ တစ်ဖက်ကကျတော့ အနောက်တောင် မုတ်သုံလေကြောင့်ရရှိတဲ့ အဓိကမြန်မာနိုင်ငံရဲ့ ရေအရင်းအမြစ်အကြီးတစ်ခု ရှိတယ်ပေါ့နော်။ အရင်းအမြစ်ကြီးနဲ့ ပတ်သတ်ပြီးတော့ စိုက်ပျိုးရေး၊ အခြားလျှပ်စစ်စွမ်းအင် အသုံးချမှုတွေ၊ သယ်ယူပို့ဆောင်မှုတွေ အဲ့လိုအရာမျိုးတွေမှာ အလွန်အရေးကြီးတဲ့ အရာမျိုးဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်။)
တွေ့ဆုံမေးမြန်းသူ- အိမို့မို့ခိုင်