သံဖြူဇရပ် မတ် ၁၃

 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များမှ လုံခြုံရေး တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား အသင့်စားသုံးနိုင်သော စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများ စုပေါင်းပေးအပ်လှူဒါန်းခြင်းကို မတ် ၁၂ ရက်က  သံဖြူဇရပ်မြို့နယ်၊ တပ်နယ်မှူးရုံး(ဝဲကလိ)တွင် ပြုလုပ်ခဲ့သည်။

 

ပေးအပ်လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် တာဝန်ရှိသူများက အသင့်စားသုံးနိုင်သော ငါးခြောက်ကြော်ဘူး ၂၀၀၊ ကော်ဖီမစ် ၆၇ ထုပ်၊ ခေါက်ဆွဲခြောက် ၅၇၆ ထုပ်၊ ငပိထောင်း ၁၀ ဘူး၊ ပဲလှော် နှစ်ပိဿာ၊ ဆဖွန်ဆာ၊ ရေသန့်ဘူးများနှင့် လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဆေးလိပ်၊ လက်ဖက်ခြောက်၊ ခြင်ဆေးခွေ၊ ဆပ်ပြာဆီများကို ပေးအပ်လှူဒါန်းရာ ဗိုလ်မှူးကြီးဗညားဝင်း ဦးဆောင်သော တပ်မတော်သားများနှင့် တပ်ဖွဲ့ဝင်မိသားစုများက လက်ခံခဲကြသည်။

 

မြို့နယ်(ပြန်/ဆက်)