နေပြည်တော် ဇွန် ၂၅
မိန်းကလေးတစ်ဦးကို လုပ်အားခ ခေါင်းပုံဖြတ်ရယူခဲ့သူများကို ကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေအရ အလုပ်နှင့်ထောင်ဒဏ် ၁ဝ နှစ်စီချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ နံ့သာရပ်နေ ဒေါ်မာမာအောင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းပဲတန်းရပ်ကွက် နေ ဒေါ်သီသီကျော်ဦး တို့က အမရပူရမြို့နယ်၊ ယဉ်ထော်ရွာနေ မ xxx ၊ ၁၉ နှစ်အား ဆံပင်ညှပ်ဆိုင်တွင် အလုပ်ရမည်ဟု လိမ်လည်ပြောဆို၍ ပြည့်တန်ဆာအဖြစ် အဓမ္မပြုလုပ်စေပြီး လုပ်အားခ ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် မန္တလေးအမှတ် (၁၀) ရဲစခန်း (ပ) ၅၇၁/ ၂၀၁၉ ၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ / ၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မန္တလေးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇွန် ၂၃ ရက်တွင် တရားခံ ဒေါ်မာမာအောင်နှင့် ဒေါ်သီသီကျော်ဦးတို့ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


