၂၉ နိုဝင်ဘာ
ပြင်သစ်နိုင်ငံပဲရစ်မြို့ရှိ လုဖ်ပြတိုက်ကို လတိုင်းရဲ့ စနေတစ်ည အခမဲ့လာကြည့်ခွင့်ပေးဖို့ပြင်ဆင်နေကြောင်း သိရပါတယ်။
မိုနာလီဆာ နဲ့ ဗင်းနစ် ဒ မီလို တို့ ရဲ့ နေအိမ်လို့ပြောလို့ရတဲ့ လုဖ်ပြတိုက်ကို အခုလို အခမဲ့လာရောက်ကြည့်ရှုဖို့ ဖွင့်လှစ်ပေးခြင်းအားဖြင့် လူငယ်တွေနဲ့ ဝင်ခွင့်လက်မှတ်ဖိုး မတတ်နိုင်သူတွေ ပြတိုက်ကို ပိုပြီးစိတ်ဝင်စားလာအောင် လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်။
လုဖ်ပြတိုက်ဟာ ကမ္ဘာမှာ လူအများဆုံး လာရောက်လေ့လာတဲ့ ပြတိုက်တစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ပြတိုက်ကို ၆ ရက်တိတိ အခမဲ့ ကြည့်ခွင့်ပေးခဲ့ပါသေးတယ်။
လတိုင်းရဲ့ စနေတစ်ည အခမဲ့ကြည့်ခွင့်ကို လာမယ့်နှစ် ၂၀၁၉ ဇန်နဝါရီ ၅ ရက်နေ့မှာ စတင်မယ်လို့သိရပြီး၊ ပြတိုက်မှာ စာဖတ်ရန်နေရာလည်း စီစဉ်ထားမှာဖြစ်သလို့ board game ကစားရန်နေရာလည်း စီစဉ်ထားမှာ ဖြစ်ပါတယ်။ စနေနေ့ညပိုင်း အခမဲ့ကို ညနေ ၆ နာရီမှ ၈:၄၅နာရီ အထိဖြစ်ပါတယ်။
လုဖ်ပြတိုက်ရဲ့ ဝင်ကြေးက လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၉ ဒေါ်လာ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် က ပြင်သစ်နိုင်ငံမှာ ဂျီဟတ် အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့အတွက် ပြတိုက်ကို လာရောက်လည်ပတ်သူ နည်းပါးခဲ့ပေမယ့် ၂၀၁၇ ခုနှစ်မှာ လာရောက် လည်ပတ်သူပေါင်း ၈.၁ သန်း ရှိခဲ့တယ်လို့ သိရပါတယ်။
MDN
ကိုးကား- AFP