ရန်ကုန် ၈ ဒီဇင်ဘာ

 

မြန်မာနိုင်ငံ စက်မှုလက်မှု အထက်တန်းကျောင်းသားဟောင်းများအသင်း (MTA) က ကြီးမှူးကျင်းပပြုလုပ်သည့် Safety Induction & Safety Management Course သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ လှိုင်မြို့နယ် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၌ ကျင်းပသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ဌေးနှင့် မြန်မာနိုင်ငံ စက်မှုလက်မှု အထက်တန်းကျောင်းသားဟောင်းများအသင်း (MTA) ဥက္ကဌ ဦလှသိန်းတို့က အမှာစကားပြောကြားကြသည်။

 

"ကျွန်တော်တို့ ILO (International Labor Organization) ၏ စစ်တမ်းအရ နှစ်စဉ်လုပ်ငန်းခွင်အတွင်း မတော်တဆမှုနှင့် ကျန်းမာရေး ထိခိုက်ယိုယွင်းမှုကြောင့် နာမကျန်း / သေဆုံးရသူ ၃ သန်းနီးပါးရှိပါတယ်။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးသည် အလုပ်လုပ်သူအားလုံးတွင် အမြင့်ဆုံးဦးစားပေး အဆင့်တွင် ထားရှိကြရမှာ ဖြစ်ပါတယ်။  ဒါ့ကြောင့် မိမိကိုယ်တိုင်လည်း စံပြဖြစ်အောင် နေထိုင်ပြောဆိုရမည်ဖြစ်ပြီး  ယခုကဲ့သို့ Safety သင်တန်းများ ဝင်ရောက်သင်ကြားတက်မြောက်ကြရန် မဖြစ်မနေ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ စက်မှုလက်မှု အထက်တန်းကျောင်းသားဟောင်းများအသင်း ဥက္ကဋ္ဌ ဦလှသိန်းက ပြောသည်။ အဆိုပါ‌သင်တန်းသို့ Safety Lectured ဆရာဦးအောင်ကိုက Safety Induction Course အကြောင်း ဟောပြောကာ ကုမ္ပဏီအဖွဲ့အစည်းများမှ လုပ်ငန်းရှင်၊ မန်နေဂျာ၊ Supervisor ၊ Engineer ၊ လုပ်သား ၁၅၀‌ ကျော် တက်‌ရောက်ကြကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ- အေကေလင်း