ရန်ကုန် မတ် ၁၂
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် (ငွေလုံးငွေရင်း) ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၌ ကျင်းပသည်။
ပေးအပ်
အခမ်းအနားတွင် တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက ဗိုလ်တထောင်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့မီးရထား (ဆေးဌာန၊ အင်းစိန်)မှ အာမခံအလုပ်သမား ဒေါ်လှသိန်းနု သူနာပြု (၂)၏ လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် (ငွေလုံးငွေရင်း) ငွေကျပ် ၁၂၉၆၀၀၀၀ ကို သေဆုံးသူ၏ သမီးဖြစ်သူ ဒေါ်ဝင်းပပအောင်ထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဆန်းမြင့်


