၂၂ မေ
ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် လုပ်ငန်းတွေ ပိတ်ထားရာမှ တချို့လုပ်ငန်းတွေ ကို ပြန်လည် လည်ပတ်ခွင့် ပေးလိုက်ပြီလို့ သိရပါတယ်။ ဒါပေမယ့် အများသုံးယာဉ်တွေကို ဆက်လက် ရပ်နားထားတဲ့အတွက် လုပ်ငန်းခွင်ဆီ ပြန်သွားမယ့် လုပ်သားတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခရီးသွားဖို့ ပြင်ဆင်နေရပါတယ်။
စက်ဘီးအရောင်းဆိုင်ဝန်ထမ်းတစ်ဦးက လက်ရှိအချိန်မှာ စက်ဘီးဝယ်လိုအားက သိပ်များနေကြောင်း၊ အထူးသဖြင့် ခေါက်စက်ဘီးလေးတွေကို လူတွေက ပိုဝယ်ကြောင်း၊ နှစ်ရက်အတွင်းမှာ ဈေးပေါတဲ့ စက်ဘီးအစီးရေ ၃၀၀ ကနေ ၅၀၀ အတွင်းရောင်းကုန်ကြောင်း ပြောပါတယ်။
စက်ဘီးဝယ်နေသူတစ်ဦးက ကားစောင့်စီးဖို့အတွက် ခက်ခဲတယ်။ စက်ဘီးရှိနေတဲ့အတွက် အိမ်ကို စောစောပြန်ရောက်နိုင်ကြောင်း။ ဗိုင်းရပ်စ်ပိုးဟာ မမြင်နိုင်တဲ့အတွက် ပိုးကူးစက်မှာကိုလည်း စိုးရိမ်စရာ မလိုတော့ကြောင်း ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၃,၄၃၄ ဦး ရှိပြီး သေဆုံးသူ ၈၄၆ ဦးနဲ့ ပြန်လည် ကျန်းမာလာသူ ပိုးတွေ့ရှိတဲ့ ၂၂ ရာခိုင်နှုန်းကျော်ရှိကြောင်း မေ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
MDN
ကိုးကား - AFP