လူ ၁၂၀ ဦးထက်မနည်း သေဆုံးမှုဖြစ်ပွားခဲ့သော နိုင်ဂျီးရီးယားအကြမ်းဖက် တိုက်ခိုက်မှုများအား လုံခြုံရေးကောင်စီ ပြစ်တင်ရှုတ်ချ

၁၇ ဇွန်

 

နိုင်ဂျီးရီးယားနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူ ၁၂၀ ထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

 

လုံခြုံရေးကောင်စီက ထိုအကြမ်းဖက် တိုက်ခိုက်မှုကို ယမန်နေ့က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။

 

လုံခြုံရေးကောင်စီ အဖွဲ့ဝင်များက အကြမ်းဖက်မှုများကြောင့် သေဆုံးဒဏ်ရာ ရရှိသူများ၏ မိသားစုများ၊ ပြည်သူများနှင့် နိုင်ဂျီးရီးယားအစိုးရ ထံသို့ ထပ်တူဝမ်းနည်း ကြေကွဲကြောင်းနှင့် ဒဏ်ရာရရှိသူများ အမြန်ဆုံး ပြန်လည်ကောင်းမွန်စေလိုကြောင်း ဆန္ဒပြုပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အခြားသက်ဆိုင်ရာ အာဏာပိုင်များ အားလုံးနှင့် နိုင်ဂျီးရီးယား အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြည်နယ်များအားလုံးကို တိုက်တွန်းခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို အပြစ်ပေးရန် လိုအပ်သည်ဟု ၎င်းတို့က မီးမောင်းထိုးပြသည်။

 

လုံခြုံရေးကောင်စီ အဖွဲ့ဝင်များက ယင်းကဲ့သို့ အကြမ်းဖက် လုပ်ရပ်များသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ဆိုးရွားစွာ ခြိမ်းခြောက်မှု တစ်ခုဖြစ်ကြောင်းနှင့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ဖြစ်ပွားခဲ့သော နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ခြိမ်းခြောက်မှု အားလုံးကို တိုက်ဖျက်ချေမှုန်းရန် ပြည်နယ်အားလုံးကို ထပ်မံပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို