၁၄ စက်တင်ဘာ
ဝတ္ထု ၊ ဒါရိုက်တာ ယုန်လေး ရိုက်ကူးသည့် ‘Special 9’ ရုပ်ရှင်ဇာတ်ကားထဲတွင် လူဆိုးခေါင်းဆောင် ဂိုဏ်းစတားကြီး ဇာတ်ကောင် နေရာကနေ ပါဝင်သရုပ်ဆောင်ထားသည့် ရော့ခ်အဆိုတော် ထူးအယ်လင်းက အနုပညာ အလုပ်တွေ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
"ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ရှက်တယ်။ ယုန်လေးက ကိုယ်နဲ့ ညီအစ်ကိုလို ဖြစ်နေတော့ သူရဲ့ တိုက်တွန်းမှုကြောင့်လည်း ပါဖြစ်တာပါ။ အခက်အခဲတော့ ကြီးကြီးမားမား မရှိပါဘူး။ ကျွန်တော်တို့က နဂို ကတည်းက ဝမ်းတွင်းရူးပေါ့နော်။ ပြောချင်တာကတော့ ကျွန်တော့် ခေါင်းထဲမှာ ဘာမှမရှိဘူးဗျ။ ဘာမှလည်း မထားဘူး။ လေးတယ်လေ။ ပြောချင်တာက ဒီလိုပါ။ ကျွန်တော်တို့က အသံနဲ့ သရုပ်ဆောင်တယ်။ ဥပမာ- ကိုယ်က အသည်းကွဲပေမယ့်လည်း အပြင်မှာ ကွဲချင်မှကွဲတာလေ။ ဆိုတဲ့အချိန်မှာတော့ အသည်းကွဲတာပေါ့ သီချင်းက။ အဲဒီအခါကျရင် အသည်းကွဲတဲ့ မု(ဒ်)ကို ပါအောင်လို့ ကိုယ်က အသံနဲ့ သရုပ်ဆောင်ရတယ်။ ရုပ်ရှင်ကျတော့လည်း သူတို့ကအရုပ်ပါ ပါတာပေါ့လေ။ အဲဒီ အရုပ်ရဲ့ခံစားမှုအတိုင်း ရိုက်ကူးရတာပေါ့။ သိပ်တော့လည်း ခက်ခက်ခဲခဲ မရှိပါဘူး။ ဒါပေမဲ့ နည်းနည်းလေးတော့ အခက်အခဲ ရှိတယ်။ ဥပမာ- ကျွန်တော်နဲ့ မြင့်မြတ်နဲ့ အတူတွဲပြီး ရိုက်ကူးကြတယ်။ မြင့်မြတ်ဆိုတာကလည်း တကယ့်ကို ဝါရင့်၊ သမ္ဘာရင့် သရုပ်ဆောင်ကောင်း တစ်ယောက်ပါပဲ။ အဲဒါကြောင့်မို့လို့ ယုန်လေးလို့၊ နင်တို့လို အိုက်တင်တွေမရဘူးနော်လို့။ အစ်ကိုကလည်း ချပါဗျာ ဆိုတာနဲ့ လုပ်ဖြစ်ခဲ့တာပါ " ဟု ဆိုသည်။
ကိုလင်း