လှိုင်းဘွဲ ၁၅ မတ်

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavious Disease ၂၀၁၉ (COVID-19) ကူးစက်ပျံ့နှံ့မှု အန္တရာယ်ကြောင့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့ကပ်ဆိုးရောဂါအဖြစ် ကြေညာခဲ့ပြီး အများပြည်သူများ ကိုရိုနာဗိုင်းရပ်စ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနာလည်နိုင်စေရေး၊ ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့် နည်းလမ်းများကို သိရှိနားလည်စေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် NGO အဖွဲ့များ ပူးပေါင်း၍ လူစည်ကားရာနေရာများဖြစ်သော မြို့မဈေးကြီး၊ လှိုင်းဘွဲ-ပိုင်ကျုံလမ်းဆုံ၊ ခြံကုန်းလမ်းဆုံသို့ သွားရောက်ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

2

 

ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီအသင်း တာဝန်ရှိသူများက ပြည်သူများကို ကိုရိုနာဗိုင်းရပ်စ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု အခြေအနေများ၊ ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့်နည်းလမ်းများကို အသိပညာပေး ပြောကြားသည်။

 

5

 

ထို့နောက် (COVID-19) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး ပိုစတာများကို လူစည်ကားရာနေရာများတွင် စိုက်ထူပေးခဲ့ကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)