ဂျီနီဗာ၊ ၂၄ ဒီဇင်ဘာ

 

ဗြိတိန်နိုင်ငံတွင် ကူးစက်ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ မျိုးဗီဇအသစ်တစ်မျိုးနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လေ့လာလျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့ အက်ဒဟာနွမ် ဂီဘရီယက်ဆုစ်က သတင်းထောက်များသို့ ပြောကြားခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ မျိုးဗီဇ အသစ်က ကူးစက်မှုနှုန်းမြန်ဆန်ကြောင်း ဗြိတိန်က ဖော်ပြခဲ့သော်လည်း လတ်တလောတွင် အဆိုပါဗိုင်းရပ်စ်မျိုးဗီဇသစ်က ရောဂါဖြစ်ပွားမှု ပိုမိုပြင်းထန်စေသည် သို့မဟုတ် ပိုမိုသေဆုံးစေနိုင်သည်ဆိုသော အထောက်အထားများ မတွေ့ရသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကိုဗစ်-၁၉ ကူးစက်မှု တုံ့ပြန်ဆောင်ရွက်ရေး နည်းပညာဆိုင်ရာ အကြီးအကဲ မာရီယာ ဗန်ကာခုဗ်က လူ့ခန္ဓာကိုယ်ထဲရှိ ပဋိဇီဝပစ္စည်းများ၏ တုံ့ပြန်မှုကို လေ့လာနေကြောင်း ပြောကြားခဲ့သည်။

 

ကိုဗစ်-၁၉ မျိုးဗီဇအသစ်ကို လေ့လာမှုအတွင်း ဗိုင်းရပ်စ်၏ သန္ဓေပြောင်းလဲမှုအချို့ကို လေ့လာတွေ့ရှိရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သိပ္ပံပညာရှင်ချုပ် ဆိုမြာ ဆွာမီနာသန်က ပြောသည်။

 

သို့ရာတွင် လက်ရှိလုပ်ဆောင်နေသည့် ကုသမှု ဆေးဝါးနှင့် တီထွင်ထုတ်လုပ်နေသည့် ကာကွယ်ဆေး၏ အာနိသင်ထိရောက်မှုအပေါ် သိသိသာသာ ခံနိုင်ရည် မြင့်မားနေမှုကို တွေ့ရခြင်းမရှိသေးကြောင်း ၎င်းကပြောသည်။

 

အင်န်အိတ်ချ်ကေ