၃ အောက်တိုဘာ
ကမ္ဘာမှာ လူကို သေစေနိုင်သည့် မှိုမျိုးစိတ်ထဲက တစ်မျိုးကို သြစတြေးလျနိုင်ငံ မြောက်ပိုင်းမှာ ပထမဦးဆုံးအကြိမ် တွေ့ရှိရကြောင်း သိရသည်။ အဆိုပါ မှိုမျိုးစိတ်သည် ဂျပန်နဲ့ ကိုရီးယားရှိ တောင်တန်းများတွင်ရှိသည့် မျိုးစိတ်ဖြစ်ပြီး ယခုအခါ မိုင်ပေါင်းထောင်ချီဝေးသည့် သြစတြေးလျနိုင်ငံမှာ တွေ့ရခြင်းဖြစ်သည်။
ဂျပန်နဲ့ ကိုရီယားနိုင်ငံတွင် စားလို့ရသည့် မှိုနဲ့မှားပြီး အနီရင်ရောင်မှိုကို ရိုးရာဆေးအဖြစ် လက်ဖက်ရည်အတွင်းမှာ ထည့်သောက်ခဲ့ရာက လူတချို့သေဆုံးခဲ့ဖူးသည်။
ယင်းမှိုကို စားခဲ့မိပါက အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အဖျားတက်ခြင်းနှင့် ထုံထိုင်ခြင်းတို့ ခံစားရပြီး ကုသ၍ မရသည့်အတွက် ဦးနှောက် ပျက်စီးကာ သေဆုံးနိုင်ကြောင်း သိရသည်။
MDN
ကိုးကား - AFP