၂၆ ဇူလိုင်

 

ပြင်သစ်နိုင်ငံသား ဖရန်ကီ ဇာပါတာဟာ ပျံသန်းနိုင်တဲ့ဘုတ်ပြားကိုတီထွင်ပြီး အဲဒီ ဘုတ်ပြားကို စီးပြီး ရေလက်ကြားကို ပျံသန်းပြီး ကူးဖြတ်ရန် မနေ့က ကြိုးစားခဲ့ပါတယ်။ 

 

အသက် ၄၀ အရွယ် ဇာပါတာဟာ jet-skiing ချန်ပီယံတစ်ယောက်ဖြစ်ပြီး ရေလက်ကြားကို ဖြတ်သန်းရန်အတွက် ပြင်သစ်မြောက်ပိုင်း ဆန်ဂတ်တီကနေ စတင်ပျံသန်းပြီး တဖက်ကမ်းရှိ ဗြိတိန်နိုင်ငံ မာဂရက်ပင်လယ်ကွေ့မှာ ဆင်းသက်ရန်ပြင်ဆင်ခဲ့ပါတယ်။ 

 

ပျံသန်းပြီး မိနစ် ၂၀ အကြာမှာ ပျံသန်းနေစဉ် ဆီထည့်ရန်လုပ်ဆောင်စဉ်မှာ ပင်လယ်ထဲကို ထိုးကျခဲ့ပါတယ်။ ဇာပါတာဟာ မိနစ် ၂၀ အတွင်းမှာ ၂၂ မိုင်ကို တစ်နာရီကို ၁၄၀ ကီလိုမီတာနှုန်းနဲ့ အမြင့်ပေ ၅၀ -၆၅ ကြား ကနေ ပျံသန်းခဲ့ကြောင်း သိရပါတယ်။ 

 

ဇာပါတာ ကျောမှာလွယ်ထားတဲ့ အိတ်ထဲမှာ ဘုတ်ပြားပျံသန်းရန်အတွက် လိုအပ်တဲ့ ရေနံဆီ ထည့်ထားပါတယ်။ ရေလက်ကြား တစ်ဝက်အရောက်မှာ ရေနံဆီထည့်ထားတဲ့ ကျောလွယ်အိတ် အသစ်ကို ပြောင်းယူစဉ်မှာ ရေထဲကို ထိုးကျခဲ့ခြင်းဖြစ်ပါတယ်။ 

 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၀ က လူးဝစ် ဘဲရီရော့ က ကိုယ်တိုင်လုပ် လေယာဉ်နဲ့ ရေလက်ကြားကို ဖြတ်ခဲ့ဖူးပါတယ်။ ဘဲရီရော့က ရေလက်ကြားကို ဇူလိုင်လ ၂၅ ရက် ၁၉၀၉ ခုနှစ်က ဖြတ်သန်းရာ ဇာပါတာက လေယာဉ်သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဇူလိုင်လ ၂၅ ရက်ကို ရွေးပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

 

ဇူလိုင်လ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ ဘက်စတီးနေ့ အထိမ်းအမှတ်ချီတက်ပွဲမှာ ဇာပါတာလည်း သူ့ရဲ့ ပျံသန်းနိုင်တဲ့ဘုတ်ပြား ကိုစီးပြီး ပါဝင်ခဲ့ပါတယ်။ 

 

MDN
ကိုးကား - AFP