ရန်ကင်း ၂၁ ဒီဇင်ဘာ  

မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသော လူကုန်ကူး၊ လူမှောင်ခို တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်း မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ ဘူတာရုံလမ်းရှိ သုခိတာရာမ သီလရှင်ကျောင်း၌ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ရဲမှူး စိုးမြင့်ဦးမှ လူကုန်ကူးမှုပေါ်ပေါက်လာရသည့် အကြောင်းရင်းများ၊  လူကုန်ကူးမှုဖြစ်စေသော အဓိကအကြောင်းရင်းများ၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးခံရပါက ဆောင်ရွက်ရန်နည်းလမ်းများ၊ လူကုန်ကူးသူတို့ အသုံးပြုပုံနည်းလမ်းများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆိုင်ရာဥပဒေများနှင့် သတိပြုရန်အချက်များကို သီလရှင်ဆရာလေးများအား ရှင်းလင်းဟောပြောခဲ့သည်။

 

‌ေ

 

ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များမှ သီလရှင် ဆရာလေးများ၏ တစ်ကိုယ်ရည်ကျန်းမာရေး ဆောင်ရွက်ရန်နည်းလမ်းများ၊ လက်စနစ်တကျ ဆေးကြောနည်းတို့ကို လက်တွေ့ သရုပ်ပြ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လင်းလင်းထွန်း (ပြန်/ဆက်)