မြစ်သား၊ ၁၁ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre )ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲ(Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆုမွန်ထွန်းက လူသားတိုင်း မိမိတို့၏ ဘဝတွင် လူကုန်ကူးမှုမခံရစေရန်၊ မိမိကိုယ်ကို ကာကွယ် တတ်ရန်နှင့် လူကုန်ကူးခံရပါကလည်း မိမိ၏လူမှုဝန်းကျင်တွင် ပုံမှန်ပြန်လည်နေထိုင်နိုင်ရန်အတွက် လိုအပ်သောသတင်း အချက်အလက်များရရှိရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ ဒုရဲအုပ် နှင်းနုဝင်းက လူကုန်ကူးမှုနှင့် ပတ်သက်သည့် အကြောင်းအချက်များ၊ လူကုန်ကူး ရောင်း ဝယ်မှုအခြေအနေနှင့် အမျိုးအစားများ၊ လူကုန်ကူး ခံရခြင်း၏နောက်ဆက်တွဲ အကျိုးဆက်များ၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဉပဒေမှပြစ်မှု၊ ပြစ်ဒဏ်များ စသည့်အချက်များကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
မြမြမွန်(ပြန်/ဆက်)


