သထုံ  ၁၄  သြဂုတ် 

လူကုန်ကူးမှု အန္တရာယ်နှင့် ရာသီတုပ်ကွေးအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တံခွန်တိုင်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။

 

01

 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းယုနှင့် အဖွဲ့ဝင်များက လူကုန်ကူးခြင်းခံရသည့် အကြောင်းရင်းများနှင့် ဆောင်ရန်၊ ရှောင်ရန်များ၊ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများ၌ ပြည်သူလူထု ပူးပေါင်းပါဝင်ခြင်းဖြင့် ထိရောက်စွာ ဆောင်ရွက်ရေး၊ လတ်တလောအဖြစ်များသည့် ရာသီတုပ်ကွေးရောဂါ ဂရုပြုကာကွယ်ရေးတို့ကို ဆွေးနွေးဟောပြောခဲ့ကြသည်။

ဟောပြောပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူ ၁၃၀ ကျော်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်ဦး(သထုံ)