နေပြည်တော်  ဇွန် ၂ဝ

 

လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂ဝ၂၂) ကို  ယနေ့ မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၊ ရဲချုပ်ရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်ဗိုလ်ချုပ် ဇင်မင်းထက် ဦးဆောင်သော လုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် ကမ္ဘာတစ်ဝှမ်း လူကုန်ကူးမှုပုံစံများနှင့် လမ်းကြောင်းများ (Patterns and Flows) ပြောင်းလဲလာကြောင်း၊ အလွန်အမင် းဆင်းရဲနွမ်းပါးမှု၊ စီးပွားရေးကျဆင်းမှုနှင့် လူမှုရေးစံနှုန်း နိမ့်ပါးမှုများအပေါ် လူကုန်ကူးသူများမှ အလွဲအသုံးပြု ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများကြောင့် ကလေးသူငယ် လူကုန်ကူးမှုများနှင့် အဓမ္မ လုပ်အားခိုင်းစေမှုမျာ းဖြစ်ပွားမှု တိုးမြှင့်လာကြောင်း၊ ထို့အပြင် လူကုန်ကူးသူများသည် ပြောင်းလဲတိုးတက်လာသည့် နည်းပညာများအား အသုံးပြုပြီး လူစုဆောင်းခြင်းများ ကျူးလွန်လာကြကြောင်း၊ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုများအား မျက်ခြေမပြတ် လေ့လာသိရှိနေမှသာ လုပ်ငန်းကော်မတီ၏ အဓိကရည်မှန်းချက်ဖြစ်သည့် တားဆီးကာကွယ်ရေး လုပ်ငန်းများအား အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါကြောင်း။

 

ပြည်ပသို့တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်ရာမှ လူကုန်ကူးခံရမှုများ ရှိနေသဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ ပြည်တွင်းအလုပ်အကိုင် ဖန်တီးပေးမှုများ၊ မှန်ကန်သော လုပ်သား စုဆောင်းမှုများ၊ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများအား ထိထိရောက်ရောက် ကြီးကြပ်မှုများကို အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အခြားနိုင်ငံသားများအား မြန်မာနိုင်ငံအတွင်း တရားမဝင်ခေါ်ဆောင်ပြီး စေခိုင်းမှုဖြစ်စဉ်များလည်း ဖြစ်ပွားလာသည်ကို တွေ့ရကြောင်း၊ မလေးရှားနိုင်ငံသားများကို တာချီလိတ်၊ မြဝတီဘက်တွင် အဓမ္မခိုင်းစေသည့် လူကုန်ကူးမှုများ ရှိလာကြောင်း၊ ထို့ကြောင့် မိမိနိုင်ငံသားများသာမကဘဲ နိုင်ငံခြားသား လူကုန်ကူးခံရသူများကိုပါ အကာအကွယ်ပေးရမည့် လုပ်ငန်းစဉ်များကို သတင်းလက်ဦးမှုရယူကာ ကာကွယ်မှုများနှင့် အသိပညာပေးမှုများ တိုးမြှင့်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

နိုင်ငံဖြတ်ကျော်ဖြစ်ပွားသည့် လူကုန်ကူးမှုများအား ကာကွယ်တားဆီးရာတွင် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးသည်လည်း အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံသည် ထိုင်း၊ တရုတ်၊ အိန္ဒိယ နိုင်ငံများနှင့် လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါကြောင်း၊ အလားတူ နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ပါကြောင်း၊ လူကုန်ကူးမှု ကျူးလွန်သူများအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်သည့် ပြစ်ဒဏ်ရရှိရေးသည်လည်း အရေးကြီးသော ကဏ္ဍတစ်ခု ဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် လူကုန်ကူးမှု (၁၀၇) မှုမှ တရားခံ ကျား (၁၀၈) ဦး၊ (၁၈၆) ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီး၊ ကြီးလေးသောပြစ်ဒဏ်များ အနေဖြင့် ထောင်ဒဏ်(၂၀) နှစ် (၁၈) ဦး၊ ထောင်ဒဏ် (၁၅) နှစ် () ဦး၊ ထောင်ဒဏ် (၁၄) နှစ် () ဦး၊ ထောင်ဒဏ်(၁၂) နှစ် (၁၀)ဦး၊ ထောင်ဒဏ်(၁၁)နှစ် ()ဦးနဲ့ ထောင်ဒဏ်(၁၀)နှစ် (၁၂၄)ဦး ချမှတ် ခဲ့သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ တရားရှင်လွှတ်မှု () မှု၊ တရားသေလွှတ်မှု (၁၅) မှု ရှိခဲ့သဖြင့် အမှုများ တည်ဆောက်မှုအပိုင်း၊ တရားစွဲတင်မှုအပိုင်း၊ တရားရုံးစစ်ဆေးမှုအပိုင်းများတွင် ပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း။

 

မြန်မာနိုင်ငံသည် လူကုန်ကူးခံရသည့် မူရင်းနိုင်ငံတစ်ခု ဖြစ်ပါကြောင်း၊ အမေရိကန်နိုင်ငံ၏ လူကုန်ကူးမှု အစီရင်ခံစာအရ Tier-3 အဆင့် အနိမ့်ဆုံးစံနှုန်း သတ်မှတ်ခံရခြင်းသည် () နှစ်ဆက်တိုက် ရှိနေပြီ၍ အဆိုပါသတ်မှတ်ချက်အား ကျော်လွန်နိုင်ရန် မိမိတို့လုပ်ငန်းကော်မတီအနေဖြင့် သတ်မှတ်ထားသည့် ကြိုတင်ကာကွယ်ရေးနှင့် အကာအကွယ်ပေးရေး လုပ်ငန်းစဉ်များအား ထိထိရောက်ရောက်ဖြစ်အောင် ဆောင်ရွက်စေလိုကြောင်း မှာကြားသည်။

 

mdn

 

ထို့နောက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်ထူးက ၂ဝ၂၂ ခုနှစ် လုပ်ငန်းစီမံချက်ပါ ကြိုတင်ကာကွယ်ရေးကဏ္ဍရှိ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ၂ဝ၂၁-၂ဝ၂၂ ခုနှစ် လူကုန်ကူးမှုဖြစ်စဉ်များအပေါ် အရေးယူဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြ၍ လုပ်ငန်းကော်မတီဝင်များက အကြံပြုဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်က နိဂုံးချုပ်အနေဖြင့် ၂၀၂၂ ခုနှစ် လုပ်ငန်းစီမံချက်အပေါ် အပြည့်အဝ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရန်နှင့် အကောင်အထည်ဖော်ရာ၌ တွေ့ကြုံရသည့် အခက်အခဲများအား ညှိနှိုင်းတိုင်ပင်ပြီး တက်ကြွစွာ ပူးပေါင်းချိတ်ဆက်ဆောင်ရွက် သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။  

 

သတင်းစဉ်