လူလိုက်ပါသော လစူးစမ်းယာဉ် ရှေ့ပြေးယာဉ်ပုံစံကို နာဆာ ပြသ

နာဆာ အောက်တိုဘာ ၂၆

 

အာကသယာဉ်မှူးများ လိုက်ပါနိုင်သည့် လပေါ်သွားရှေ့ပြေးယာဉ်ပုံစံကို နာဆာက ထုတ်ဖော် ပြသခဲ့သည်။ ယင်းလှုပ်ရှားမှုမှာ ရာစုနှစ်တစ်ဝက်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် လပေါ်သို့ အာကာသယာဉ်မှူးများ စေလွှတ်နိုင်ရန် အေဂျင်စီ၏ ကြိုးပမ်းအားထုတ်မှုလည်း ဖြစ်သည်။ အဆိုပါလပေါ်သွားယာဉ်ငယ်ကို အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်တွင် အောက် တိုဘာ ၂၄ ရက်က ပြသထားသည်။

 

အဆိုပါ လပေါ်သွားယာဉ်မှာ အမြင့်သုံးမီတာရှိပြီး ငါးမီတာရှည်လျားသည်။ အဆိုပါယာဉ်ပေါ်တွင် အာကာသယာဉ်မှူး နှစ်ဦးအတွက် အိပ်ရာနှင့် သန့်စင်ခန်းတို့ပါဝင်သည်။ ကျောက်ဆောင်မြေသားနေရာတွင်ပင် အဆိုပါ လပေါ်သွားယာဉ်ငယ်မှာ တစ်နာရီလျှင် ၁၀ ကီလိုမီတာသွားနိုင်ကြောင်း နာဆာကပြောသည်။ အဆိုပါယာဉ်ငယ်ကို ယခုလအစောပိုင်းက အရီဇိုးနားပြည်နယ် ကန္တာရတွင် သုံးရက်ကြာ လေ့လာစမ်းသပ်မှုပြုလုပ်ခဲ့သည်။ ဂျပန်နိုင်ငံသည် အမေရိကန် ဦးဆောင်သည့် အာတီမစ်စီမံကိန်းတွင် အဖွဲ့ဝင်နိုင်ငံဖြစ်သည်။

 

အဆိုပါလပေါ်သွားယာဉ်ငယ် လေ့လာစမ်းသပ်မှုမှရရှိသည့် အချက်အလက်များကို အသုံးပြုကာ ဂျပန်နိုင်ငံသည်လည်း လပေါ်တွင် ကိုယ်တိုင်စူးစမ်းရှာဖွေမှု ပြုလုပ်ရန်အတွက် လေ့လာမှုများတွင် အသုံးပြုသွားမည်ဖြစ်သည်။

 

အင်န်အိတ်ချ်ကေ