၁၀ ဇွန်
မင်နီပူးလစ်မြို့ရှိ လူဖြူရဲအရာရှိတစ်ဉီး၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သည့် လူမည်းအမျိုးသားဖြစ်သူ ဂျော့ဖလွိုက်၏ ဈာပနအခမ်းအနားကို တက္ကဆတ်ပြည်နယ်တွင် ယနေ့ ကျင်းပခဲ့သည်။
ဖလွိုက်၏ ဆွေမျိုးများနှင့် သူငယ်ချင်းများရှိရာ ၎င်း၏ ဇာတိမြို့ဖြစ်သည့် ဟူစတန်မြို့ရှိ ဝတ်ပြုကျောင်းတစ်ခု၌ ဝတ်ပြုဆုတောင်းသည့် အခမ်းအနားပြုလုပ်ခဲ့သည်။
အဆိုပါ အစီအစဉ်ကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွင့်မှုပြုလုပ်ခဲ့သည်။
ဒီမိုကရက်တစ်များက သမ္မတအဖြစ် အမည်စာရင်း တင်သွင်းခံထားရသူဖြစ်သည့် အမေရိကန် ဒုသမ္မတဟောင်းဖြစ်သူ ဂျိုးဘိုင်ဒင်က လူမျိုးရေး ခွဲခြားမှုများနှင့် စနစ်တကျ နှိပ်စက်ညှင်းပန်းမှုများကို ရှောင်ကြည်ရမည်ဖြစ်ကြောင်း ငါးမိနစ်ကြာ ဗွီဒီယိုမှ လူအများကို ပြောကြားခဲ့သည်။
ဂျော့ဖလွိုက်၏ ဆန္ဒပြမှုများသည် တစ်နိုင်ငံလုံးအနှံ့ ဆန္ဒပြမှုများ ဖြစ်ပွားစေခဲ့ပြီး ဆန္ဒပြပွဲများသည် အင်္ဂါနေ့အထိ ဖြစ်ပွားနေဆဲဖြစ်သည်။
ရဲများ၏ ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်မည်ဖြစ်ကြောင်း အချို့သော ဒေသန္တရ အစိုးရများမှ ကတိပြု ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့၏ ဘတ်ဂျက်ကို လျှော့ချရန်နှင့် အာဖရိကန် အမေရိကန်များ အပါအဝင် လူနည်းစုများအတွက် လူမှုရေး ဝန်ဆောင်မှု ပေးရန်နှင့် ရန်ပုံငွေများ ထပ်မံချထားပေးရန် အစီအစဉ်များကို နယူးယောက်နှင့် လော့စ်အိန်ဂျလိစ်မြို့တော်ဝန်များက ထုတ်ဖော်ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်