နေပြည်တော်  ၂၄  မတ်

 

လူမှုကွန်ရက်စာမျက်နှာတွင် လတ်တလောပျံ့နှံနေသည့် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ ၃၃ ဦးရှိပြီဆိုသည်မှာ သတင်းမှားဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့မွန်းလွဲပိုင်းတွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြန်လည် ရှင်းလင်း ပြောကြားခဲ့သည်။

 

“လတ်တလော Messenger တွေမှာ ဖြန့်ဝေနေတဲ့ ၃၃ ဦး Positive သတင်း လုံးဝ မဟုတ်ပါ။ လက်ရှိ အခြေအနေအထိ ထုတ်ပြန်ထားတဲ့ ၂ ဦးသာ ရှိပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ အမှန်အတိုင်း ထုတ်ပြန်‌ပေးလျက် ရှိပါတယ်။” ဟု ၎င်းက ရေးသားထားသည်။

 

ထို့ပြင် ပြည်သူများအနေဖြင့် မတိကျ၊ မသေချာသည့် သတင်းများကို မဖြန့်ဝေကြရန်နှင့် သတင်းမှား ဖြန့်ဝေသူများကိုလည်း သတင်းပေးဖော်ထုတ်ပေးကြရန် ၎င်းက မေတ္တာရပ်ခံကြောင်း ရေးသားထားသည်။

 

လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ နှစ်ဦးတွေ့ရှိထားပြီး ၎င်းတို့ကို စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင် ထားရှိ၍ (Isolation) စောင့်ကြပ်ကြည့်ရှုကုသမှု ပေးလျက်ရှိသည်။

 

ကေတာ