လူမှုကွန်ရက်၌ COVID-19 နှင့် ပတ်သက်သည့် ကောလာဟလသတင်းများ ပျံ့နှံ့

ဝါရှင်တန်  ၃၁  မတ်

၂၀၂၀ ပြည့်နှစ်တွင် ဖေ့ဘုတ်စ် သို့မဟုတ် လူမှုမီဒီယာကုမ္ပဏီ အများအပြားက မျှော်မှန်းထားသည့် အကြီးကျယ်ဆုံး နာမည်ဂုဏ်သတင်းဆိုင်ရာ လွှမ်းမိုးမှုမှာ အမေရိကန်

သမ္မတရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းအမှားများ ဖြစ်ကြောင်း သိရသည်။ မဟုတ်မမှန် သတင်းအတုများသည် ပြည်တွင်း၌သာမက ပြည်ပ၌ပါ ခြိမ်းခြောက်မှုတစ်ခုအဖြစ် တွေ့မြင်ရလျက်ရှိသည်။

COVID- 19 ကူးစက်ဖြစ်ပွားမှုသည် ဆေးဝါးကုသမှုမှတစ်ဆင့် အသက်အန္တရာယ်ထိခိုက်စေသည့် နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှုများ၊ သတင်းအချက်အလက် မှားယွင်းဖော်ပြမှုများ၊ ဗိုင်းရပ်စ်နှင့် ပတ်သက်သည့် မှားယွင်းသော ထင်မြင်ယူဆချက်များ စသည်ဖြင့် ခြားနားသည့် ပြဿနာအကြောင်း အရာအများအပြားကို ထပ်မံပေါ်ထွက် လာစေခဲ့ကြောင်း သိရသည်။

အေအက်ဖ်ပီ သတင်းဌာနသည် ယုံတမ်းစကားများနှင့် ကောလာဟလများပါဝင်သည့် သတင်းအမှား ၂၀၀ ခန့်ကို မကြာသေးမီက ပယ်ဖျက်မှုများ ပြုလုပ်ခဲ့သော်လည်း နည်းပညာကုမ္ပဏီများ အနေဖြင့် သတင်းအမှားများ ပျံ့နှံ့မှု ရပ်တန့်စေရန်နှင့် အဆိုပါ သတင်းမှားများ အွန်လိုင်းပေါ် ပျံ့နှံ့နိုင်မှုအတိုင်းအတာကို ထိန်းချုပ်နိုင်စေရေး ပိုမိုပြင်းထန်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။

COVID-19 နှင့် ပတ်သက်သည့် မဟုတ်မမှန် သတင်းများသည် လူအများကိုကြောက်လန့်တကြား ဖြစ်စေလျက်ရှိသည်။ အမေရိကန်၊ ပြင်သစ်နှင့် အခြားနိုင်ငံများမှ ကျွမ်းကျင်သူ ပညာရှင်များက ဗိုင်းရပ်စ်ကူးစက်မှုကို ထိရောက်သည့်ကုသမှုများ မြန်ဆန်စွာဆောင်ရွက်နိုင်ရေး ကြိုးစား လုပ်ဆောင်လျက် ရှိသော်လည်း နိုင်ငံအများအပြားတွင် လွဲမှားစွာ သတင်းဖော်ပြမှုများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

အေအက်ဖ်ပီ