ပြည်ကြီးတံခွန်  ၂၀  ဇွန်

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးရုံးခွဲ(၃)မှ ကိုဗစ်ကာလပိတ်ရက်အတွက် လူမှုဖူလုံရေးအကျိုး ခံစားခွင့် ၄၀ ရာခိုင်နှုန်းရရှိသော အလုပ်ဌာနများအား အကျိုးခံစားခွင့်ထုတ်ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်ကြီး တံခွန်မြို့နယ်ရှိ အဆိုပါရုံးတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးရုံးခွဲ(၃)မှ တာဝန်ခံအရာရှိ ဒေါ်သိင်္ဂီဦးက လူမှုဖူလုံရေးအကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်းရရှိသော ဖြူပြာရောင်းဝယ်ရေးမှ အာမခံအလုပ်သမား ၁၃ ဦးအား ပိတ်ရက်ပေါင်း ၂၃ ရက်အတွက် ခွင့်ပြုငွေကျပ် (၂၈၇၀၄၀) အားလည်းကောင်း၊ ရွှေပြည်နန်းကုမ္ပဏီလီမိတက်မှ အလုပ်သမား ၂၂ ဦးအား ပိတ်ရက်ပေါင်း ၂၂ ရက်အတွက် ခွင့်ပြုငွေကျပ် (၁၁၀၀၃၂၀) အားလည်းကောင်း၊

မန္တလေးရွှေရည်ကုမ္ပဏီမှ အလုပ်သမား ၄ ဦးအား ပိတ်ရက်ပေါင်း ၁၁ ရက်အတွက် ခွင့်ပြုငွေကျပ် (၁၀၁၆၄၀) အားလည်း ကောင်း၊ ဝင်းမာလာအောင် သစ်အချောထည်စက်ရုံမှ အလုပ်သမား ၂၈ ဦးအား  ပိတ်ရက်ပေါင်း ၂၃ ရက်အတွက် ခွင့်ပြုငွေကျပ် (၉၂၇၃၆၀) အားလည်းကောင်း၊ Happy Guys ကုမ္ပဏီမှ အလုပ်သမား ၂၈ ဦးအား ပိတ်ရက်ပေါင်း ၂၃ ရက်အတွက် ခွင့်ပြုငွေကျပ် (၁၃၀၆၄၀၀) အားလည်းကောင်း၊ Myanmar- Conch-Cement-Alpha-Cement  မှ အလုပ်သမား ၂၃ ဦးအား ပိတ်ရက်ပေါင်း ၂၃ ရက်အတွက် ခွင့်ပြုငွေကျပ် (၁၄၂၂၉၃၃ ဒသမ ၃၃) အား လည်းကောင်း၊ စိန်နှင့်မြမွေ့ယာမှ အလုပ်သမား ၂၅ ဦးအား ပိတ်ရက်ပေါင်း ၂၅ ရက်အတွက် ခွင့်ပြုငွေကျပ် (၁၀၄၅၃၃၃ ဒသမ ၃၃) အား လည်းကောင်း၊ Sunday Coffeemix မှ အလုပ်သမား ၄၆ ဦးအား ပိတ်ရက်ပေါင်း ၂၃ ရက်အတွက် ခွင့်ပြုငွေကျပ် (၂၀၃၁၃၆၀)အား လည်းကောင်း၊ ဂရိတ်ဝမ်းဂျပ်ပုံးစက်ရုံမှ အလုပ်သမား ၉၆ ဦးအား ပိတ်ရက်ပေါင်း ၁၁ ရက်အတွက် ခွင့်ပြုငွေကျပ် ၁၅၅၉၃၆၀ အားလည်းကောင်း၊ သဇင်ဘီစကစ်စက်ရုံမှ အလုပ်သမား ၃၈ ဦးအား ပိတ်ရက်ပေါင်း ၁၁ ရက်အတွက် ခွင့်ပြုငွေကျပ် ၈၀၂၅၆၀ အားလည်းကောင်း၊ ရှမ်းရွှေတောင် ငါးခြောက်လုပ်ငန်းမှ အလုပ်သမား ၂၂ ဦးအား ပိတ်ရက်ပေါင်း ၁၁ အတွက် ခွင့်ပြုငွေကျပ် (၃၄၈၄၈၀)အားလည်းကောင်း၊ Hi-Tech Forest Co.Ltd မှ အလုပ်သမား ၁၀၁ ဦးအား ပိတ်ရက်ပေါင်း ၂၃ ရက်အတွက် ခွင့်ပြုငွေကျပ် ၄၄၆၅၆၈၀ အား အသီးသီးထုတ်ပေးရာ တာဝန်ခံများက လက်ခံရယူသည်။

ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးရုံးခွဲ(၃)တွင် လူမှုဖူလုံရေးအကျုံးဝင် မှတ်ပုံတင်ထားသော အလုပ်ဌာနပေါင်း (၁၄၄၂) ဌာနရှိကြောင်း၊ ဒီနေ့ခွင့်ပြုထုတ်ပေးတဲ့ အလုပ်ဌာနပေါင်း (၁၂)ခုရှိကြောင်း၊ မေ ၁၁ ရက်မှ ဇွန် ၁၉ ရက်အထိ လူမှုဖူလုံရေး (၄၀)ရာခိုင်နှုန်း လျှောက်ထားလာသည့် အလုပ်ဌာနပေါင်း ၂၈၀  ရှိကြောင်း၊ ဆက်လက်လျှောက်ထားနေသော အလုပ်ဌာနများ လည်းရှိကြောင်း ၊ ရုံးချုပ်မှခွင့်ပြုကြောင်း ပြန်လည်ကျလာသော အလုပ်ဌာနပေါင်း (၅၁)ဌာနရှိပြီး လက်ရှိတွင် (၃၄)ဌာနအား ခွင့်ပြုထုတ်ပေးပြီးဖြစ်ကြောင်း၊ ကျန်ရှိသော အလုပ်ဌာနများကိုလည်း အမြန်ဆုံးထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း လူမှုဖူလုံရေးရုံးခွဲ(၃) မှ တာဝန်ခံအရာရှိ ဒေါ်သိင်္ဂီဦးထံမှ သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)

19Ph(2)