လူမှုဖူလုံရေးအဖွဲ့ အရာထမ်းများ လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းအမှတ်စဉ်(၂/၂၀၂၂) သင်တန်းဖွင့်လှစ်

နေပြည်တော် ဒီဇင်ဘာ ၅  

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အရာထမ်းများ လုပ်ငန်းခွင်စွမ်းဆောင်ရည် မြှင့်တင်ရေး မွမ်းမံသင်တန်းအမှတ်စဉ်(၂/၂၀၂၂)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။ 

ဖွင့်ပွဲတွင် လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က လူမှုဖူလုံရေးအဖွဲ့၌ တာဝန်ထမ်း ဆောင်လျက်ရှိသည့် ဦးစီးအရာရှိများအတွက် လုပ်ငန်းခွင်အတွင်း စွမ်းဆောင်ရည်များ မြှင့်တင် ပေးနိုင်ရန်အတွက် ဌာနတွင်း သက်ဆိုင်ရာ ဘာသာရပ်များ၊ ဥပဒေ၊ နည်းဥပဒေနှင့် ဝန်ကြီးဌာနရှိ ဌာနများ၏ လုပ်ငန်းတာဝန်များ၊ လတ်တလော ဖြစ်ပေါ်ပြောင်းလဲနေသည့် အခြေအနေများနှင့် ကိုက်ညီသည့် ရုံးလုပ်ငန်းများကို အကျိုးရှိရှိ ထိထိရောက်ရောက်နှင့် အသုံးချလုပ်ကိုင်သွား နိုင်ကြ စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်ရှင်/ အလုပ်သမားများရဲ့ အကျိုး၊ အများပြည်သူ၏အကျိုးကို ရှေ့ရှုပြီး နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒလမ်းစဉ်များနှင့်အညီ ဝန်ဆောင်မှုပေးနေသည့် ဌာနအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ လူမှုဖူလုံ ရေးစီမံကိန်းကို တမျိုးသားလုံး အကျုံးဝင်တဲ့ စီမံကိန်းဖြစ်လာစေရန် ခေတ်စနစ်နှင့် ကိုက်ညီပြီး နိုင်ငံ တကာအဆင့်မှီသည့် လူမှုဖူလုံရေး စနစ်များကို အကောင်အထည်ဖော်နိုင်စေရန် စသည့် ရေရှည်မျှော် မှန်းချက်များ ချမှတ်လုပ်ဆောင်လျက် ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ နိုင်ငံ့ဝန်ထမ်းများ လိုက်နာကျင့်ကြံရမည့် ဥပဒေ၊ နည်းဥပဒေများအပြင်  ပါတီနိုင်ငံရေး ကင်းရှင်း ကြရန်နှင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး နိုင်ငံတော်က ချမှတ်သည့် မူဝါဒနှင့်လုပ်ငန်းစဉ်များ အောင်မြင်စေရေး တာဝန်ယူမှု/ တာဝန်ခံမှု အပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားသည်။

အခမ်းအနားသို့ လူမှုဖူလုံရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ တက် ရောက်ကြပြီး သင်တန်းကို Hybrid Training ပုံစံဖြင့် ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီး သီးမှ ဦးစီးအရာရှိ(၄၈)ဦးဖြင့် (၂)ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်