နေပြည်တော် ဇန်နဝါရီ ၉
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်များ (Mobile Medical Units) ဖြင့် ဇန်နဝါရီ ၁ ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသ ကြီးတို့ရှိ စက်မှုဇုန်များသို့ လည်းကောင်း၊ ဇန်နဝါရီ ၂ ရက် မှစတင်၍ နေပြည်တော်ကောင်စီရှိ ဝန်ကြီးဌာန များသို့လည်းကောင်း ရွေ့လျားဆေးကုသ ယာဉ် (Mobile Medical Units) (၃) စီးဖြင့် လူမှုဖူလုံရေး အကျုံးဝင်အလုပ်သမားများကို အလုပ်ဌာနများ အရောက် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်ဖြင့် ရုံးအမှတ်(၅၁)၊ အလုပ်သမားဝန်ကြီး ဌာနသို့ သွားရောက်၍ ဝန်ထမ်းများကို ကျန်းမာရေးစောင့်ရှောက်မှုများအနေဖြင့် ဝန်ထမ်း(၄၅၀)ကို လိုအပ်သော ဆေးဝါးကုသမှုများ၊ (၁၇၄) ဦး ကို ဓာတ်ခွဲစစ်ဆေးမှုများ၊ (၄၂) ဦးကို နှလုံးအတွက် ECG စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးသည်။
လူမှုဖူလုံရေးအဖွဲ့မှလူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ တွင် အကျုံးဝင်အာမခံအလုပ်သမား ၁ ဒသမ ၂ သန်းကျော်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူမှုဖူလုံ ရေးအဖွဲ့ပိုင် ဆေးရုံကြီး (၃)ရုံ၊ မြို့နယ်လူမှု ဖူလုံရေးဆေးခန်း (၉၆) ခန်း၊ ဌာနကြီးဆေးခန်း (၆၀)၊ စာချုပ် ဆေးခန်း (၅၄) ခန်း၊ သားဖွားမီးယပ်ပြင်ပလူနာကုသမှု (Specialist OG OPD)ဆောင်ရွက်သည့် စာချုပ် ဆေးခန်း(၂၃) ခန်း၊ မီးဖွားဝန်ဆောင်မှုဆောင်ရွက်လျက်ရှိသော စာချုပ် ဆေးရုံ/သားဖွားခန်း (၁၂) ခန်း၊ တိုင်းရင်းဆေးခန်း (၁) ခန်းတို့ဖြင့် ဝန်ဆောင်မှုဆောင်ရွက်ပေးလျက်ရှိသည်။
နေပြည်တော်ကောင်စီရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)ရှိ ဝန်ထမ်း များကို ကျန်းမာရေးစောင့်ရှောက်မှုများအနေဖြင့် ဇန်နဝါရီ ၁၀ ရက်မှ ၁၅ ရက်ထိ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)