ချောက် ၂၅ ဖေဖော်ဝါရီ
နေပြည်တော်လူမှုဖူလုံရေးအဖွဲ့ (MOBILE MEDICAL UNIT) ဆေးကုသယာဉ်နှင့် သုခမင်္ဂလာဆေးရုံမှ တာဝန်ရှိကျန်းမာရေးဝန်ထမ်းများပူးပေါင်းသည့် နယ်လှည့်ကျန်းမာရေးစစ်ဆေးကုသရေးအဖွဲ့သည် ယနေ့ နံနက် ၉ နာရီမှ စတင်ကာ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ ရေနံလုပ်သားများ အပန်းဖြေရိပ်သာ အမှတ်(၂)၌ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် လူမှုဖူလုံရေးအဖွဲ့ ဆေးကုသယာဉ်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ သုခမင်္ဂလာဆေးရုံမှ အထွေထွေရောဂါကုသရေးဒေါက်တာ မင်းထွဋ်၊ ဒေါက်တာဟိန်းထက်အောင်နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်လူမှုဖူလုံရေးဦးစီးအရာရှိ ဒေါ်လှလှစန်း နှင့် ဝန်ထမ်းတို့က ပူးပေါင်းပြီး ချောက်မြို့တွင် စတင်၍ မြိုနယ်လူမှုဖူလုံရေးရုံးအကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံလုပ်သားတို့ ကိုယ်အလေးချိန်၊ သွေးပေါင်ချိန်ခြင်း၊ ကျမ္မာရေးစစ်ဆေးမှုတို့ ပြုလုပ်ခြင်းတို့နှင့်အတူ လိုအပ်သောဆေးဝါးများ ထောက်ပံ့ကုသပေးခြင်း၊ ပြသသောအာမခံလုပ်သား၏ ကျန်းမာရေးပေါ် မူတည်၍ စစ်ဆေးစောင့်ကြည့်လမ်းညွှန်ကုသခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့နယ်လှည့်ဆေးကုသမှုအစီအစဉ်များမှာ ချောက်မြို့၌ ဖေဖော်ဝါရီ ၂၅ ရက်နေ့၊ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် စလေမြို့ ဓာတ်မြေဩဇာ စက်ရုံ၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် အမှတ်(၃၅)အကြီးစားစက်ရုံ ကြွသေီးတို့တွင် ချောက်မြို့နယ် လူမှုဖူလုံရေးရုံးတွင်အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံလုပ်သားများအား ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် နယ်လှည့်ကွင်းဆင်းစစ်ဆေး ကုသသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)


