ရန်ကုန်  ၆  အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ရှိ ဆေးရုံကြီးများနှင့် လမ်းမတော် (ရန်ကုန်) ကိုဗစ် -၁၉ ကော်မတီ နှင့် နာရေးကူညီမူအသင်း(ရန်ကုန်)တို့တွင် ကိုဗစ်- ၁၉ ကာလအတွင်း ဝတ်ဆင်အသုံးပြုကြရမည့် PPE ဝတ်စုံနှင့် ခွဲစိတ်ခန်းသုံး Surgical   ဝတ်စုံများ ပေးအပ်လှူဒါန်းနိုင်ရေးအတွက် လူမူရေး အကျိုးဆောင်များဖြစ်သော   ဒေါ်ခင်ဆွေဦး တရားလွှတ်တော်ရှေ့နေ(KSO Myatmahar Law Firm )၊   ဒေါ်အေးအေးလွင် (တရားလွှတ်တော်ရှေ့နေ) ဒေါ်အေးမာလှိုင်(အထက်တန်းရှေ့နေ)နှင့် လူမူရေး စေတနာရှင်များက မင်းတုန်း၊ မော်လမြိုင်ကျွန်း၊ ပဲခူး၊ ရန်ကုန်၊ လပွတ္တာနှင့် အနယ်နယ်အရပ်ရပ်ရှိ ရှေ့နေများနှင့် စေတနာရှင်များထံမှ အလှူငွေကျပ် ၁၄ သိန်းကျော် လက်ခံရရှိခဲ့ပြီး ရရှိသော အလှူငွေများဖြင့် PPE ဝတ်စုံနှင့် ခွဲစိတ်ခန်းသုံး Surgical ဝတ်စုံ ၂၄၄ စုံ ပေးအပ်လှူဒါန်းပွဲကို အောက်တိုဘာ ၅ ရက် နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိ ရန်ကုန်မြို့ရှိ ဆေးရုံကြီးများ၊ လမ်းမတော်(ရန်ကုန်) ကိုဗစ်၁၉ ကော်မတီနှင့် နာရေးကူညီမူအသင်း(ရန်ကုန်)တို့၌ ပြုလုပ်ခဲ့ကြသည်။

 

ယင်း PPE ဝတ်စုံနှင့် ခွဲစိတ်ခန်းသုံး Surgical ဝတ်စုံများ ပေးအပ်လှူဒါန်းပွဲတွင် လူမှုရေး စေတနာရှင် များက ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) ကို ၅၄ စုံ၊ မြောက်ဥက္ကာပဆေးရုံကြီးကို အစုံ ၅၀၊ သင်္ဃန်းကျွန်းဆေးရုံကြီးကို  အစုံ ၅၀ ၊ လမ်းမတော်(ရန်ကုန်) ကိုဗစ်-၁၉ ကော်မတီကို အစုံ ၄၀ နှင့် နာရေးကူညီအသင်း(ရန်ကုန်) ကို အစုံ ၅၀ စုစုပေါင်း ဝတ်စုံ ၂၄၄ စုံ ပေးအပ်လှူဒါန်းကြရာ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

ထို့နောက် လူမှုရေးစေတနာရှင်များ အဖွဲ့ခေါင်းဆောင် ဒေါ်ခင်ဆွေဦး(တရားလွှတ်တော်ရှေ့နေ)ကPPE ဝတ်စုံနှင့် ခွဲစိတ်ခန်းသုံး Surgical ဝတ်စုံ ပေးအပ်ရခြင်းများကို ရှင်းလင်းတင်ပြပြီး သက်ဆိုင်ရာ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိသူများက လာရောက်ပေးအပ်လှူဒါန်းသဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားကြသည်။

မော်ကျွန်း-မြင့်အောင်