လားရှိုး စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ လားရှိုးပညာရေးဒီဂရီကောလိပ်၊ ကိုဗစ်-၁၉ ကြပ်မတ်ကုသရေးစင်တာသို့ စက်တင်ဘာ ၁၅ ရက် နံနက်(၁၀)နာရီက လားရှိုးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးက ကိုဗစ် ကာကွယ်ရေးပစ္စည်းများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာ၌ Surgical Mask ခုရေ (၆၅၀)၊ခေါင်းစွပ် ခုရေ (၁၀၀၀)၊ Handsanitizer (၃၆)ဘူး၊ PPE Level-2 (၇၅)စုံ၊ PPE Level-3 (၇၅)စုံ၊ ဖိနပ်(၂၀)ရံ၊ လက်အိတ်အစုံ (၆၀၀)၊ မျက်မှန်ခုရေ (၅၀)တို့အား အဆိုပါ ကိုဗစ်(၁၉) ကြပ်မတ်ကုသရေးစင်တာတွင် လိုအပ်သလို အသုံးပြုနိုင်ရန်အတွက် လားရှိုးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပေးအပ်ခဲ့ရာ ကိုဗစ်-၁၉ ရန်ပုံငွေရှာဖွေရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ ဦးမြင့်ဇော်ထွန်း၊ ဒုတိယညွန်ကြားရေးမှူး၊ စီမံကိန်းဦးစီးဌာနနှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြသည်။
လားရှိုးမြို့၌ ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ် Pilot Project ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိကို လားရှိုးမြို့ရှိ ဈေးများ၊ ရပ်ကွက်များနှင့်ကျေးရွာများတွင် ကွင်းဆင်းစစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)


