ပေါင်းတည် ၃၀ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့ရှိ မသန်းစွမ်းသူများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေ ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ထောက်ပံ့ငွေပေးအပ်ရသည့်အကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ပေါင်းတည်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၈)အုပ်စုမှ ကိုယ်အင်္ဂါမသန်စွမ်းသူ၊ မျက်စိမမြင်သူ၊ နားမကြားသူနှင့် ဉာဏ်ရည် မသန်စွမ်းသူတို့ကို တစ်ဦးလျှင် ထောက်ပံ့ငွေ ၃၀ဝ၀ဝ ကျပ်၊ စုစုပေါင်း (၄၇၃)ဦးအတွက် ၁၄၁၉၀ဝ၀ဝ ကျပ်အား ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများကို ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန စာရေးဝန်ထမ်းများက မသန်စွမ်းသူများ၏ အိမ်တိုင်ရာရောက် သွားရောက်ကာ လက်ဝယ်အရောက် ပေးအပ်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
တင်ဝင်းဇော်(ပြန်/ဆက်)


