ရန်ကုန် ၂၈ စက်တင်ဘာ 


ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် လူနာတင်ယာဥ်များအတွက် စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာလကုန်အထိ တစ်နေ့လျှင် စက်သုံးဆီ ၂၅ လီတာစီ အခမဲ့ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဧရာဝတီဖောင်ဒေးရှင်းမှ သိရသည်။


Denko, PT Power, Max Energy, ရွှေဗျိုင်းဖြူ စက်သုံးဆီဆိုင်များနှင့် ဧရာဝတီဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဥ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖော်ပြပါ စက်သုံးဆီအရောင်းဆိုင်များတွင် ထုတ်ယူနိုင်မည်ဖြစ်သည်။


စက်သုံးဆီ အခမဲ့ထုတ်ယူလိုသည့် လူနာတင်ယာဥ်များအတွက် အဖွဲ့အစည်းအမည်၊ လူနာတင်ယာဥ်အမှတ်၊ တာဝန်ခံယာဥ်မောင်းအမည်၊ ဆက်သွယ်ရန် ဖုန်းနှင့်လိပ်စာ၊ မော်တော်ယာဥ်၏ ဓာတ်ပုံတို့နှင့်အတူ Ayeyarwady Center ၏ Messenger သို့မဟုတ် Viber (၀၉-၈၈၇၆၀၇၅၀၀) တို့မှတစ်ဆင့် စာရင်းပေးသွင်းရမည် ဖြစ်သည်။


လျှောက်ထားသူများကို ၂၄ နာရီအတွင်း စက်သုံးဆီ အခမဲ့ထုတ်ယူခွင့်ကတ်များကို ပြန်လည်ဆက်သွယ်၍ ဧရာဝတီစင်တာ စီမံခန့်ခွဲမှုရုံး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဂိတ်(၂)တွင် လာရောက်ထုတ်ယူရမည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက ဖုန်း (၀၉-၈၈၇၆၀၇၅၀၀) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။


အောင်သူရ