သထုံ  ၁၇ ဇွန်    


မွန်ပြည်နယ်၊ သထုံမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ “လူငယ် အားကစားနှင့် ကျန်းမာရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲ (Public Talk)ကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(သထုံ) ရှိ နဝဒေးခန်းမ၌ ဇွန်လ ၂၁ ရက်၊ နံနက် ၉ နာရီခွဲမှ စတင်ကာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ စကားဝိုင်း ဆွေးနွေးပွဲတွင် သထုံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၊ ခရိုင်ပညာရေးမှူး ဦးသိန်းဝင်းနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဒေါ်မိုးမိုးဝင်းတို့က ဦးဆောင်ဆွေးနွေးကြမည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် စိတ်ပါဝင်စား သူများတို့ကလည်း ပါဝင်ဆွေးနွေး သွားကြမည်ဖြစ်ကာ မည်သူမဆို တက်ရောက်ဆွေးနွေးနိုင်ကြောင်း သိရသည်။


သက်ဦး(သထုံ)