လူငယ်အများစုဟာ အင်တာနက်ကို အသုံးပြုပြီး လိမ်လည်ခံနေရ

၁၅ ဖေဖော်ဝါရီ 

 

တရုတ်နိုင်ငံရဲ့ လူငယ်မျိုးဆက်သစ်တွေဟာ လူကြီးတွေထက်ပိုပြီး အင်တာနက်ရဲ့ သားကောင်ဖြစ်မှန်းမသိ ဖြစ်နေတယ်လို့ တရုတ်နိုင်ငံဆော့ဖ်ဝဲလုံခြုံရေးကုမ္ပဏီကျီဟို ၃၆၀ ရဲ့ အတုအပဆန့်ကျင်ရေး ဝက်ဘ်ဆိုက် တစ်ခုဖော်ပြချက်အရ သိရပါတယ်။

 

 

ဝက်ဘ်ဆိုက်က လက်ခံရရှိတဲ့ အင်တာနက်ကို အသုံးပြုပြီး လိမ်လည်ခံရတဲ့အတွက် တိုင်ကြားစာပေါင်း ၂၄၂၆၀ အနက် ၇၀ ရာခိုင်နှုန်းကျော်ဟာ ၁၉၈၀ နဲ့ ၉၀ ကြားမွေးဖွားသူတွေပါဝင်ပတ်သက်နေတယ်လို့ ဘေကျင်း ပြည်သူ့လုံခြုံရေး ဗျူရိုနဲ့ တရုတ်နိုင်ငံမှာရှိတဲ့ ၂၀၁၇ ဝက်ဘ်ဆိုက် အစီရင်ခံစာတို့ရဲ့  ပူးတွဲထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

အင်တာနက်မှ လိမ်လည်ရိုက်စားလုပ်မှုတွေကို  တင်ပြနိုင်ရန် 110.360.cn ဆိုတဲ့ ဝက်ဘ်ဆိုက်ကို ဖွင့်ပေး ထားပြီး လိမ်လည်မှုဖြစ်ရပ်တွေအတွက် ငွေကြေးတစ်ပြားတစ်ချပ်မျှ ကုန်ကျစရာမလိုဘူးလို့လည်း သိရပါတယ်။ အဲဒီ ဝက်ဘ်ဆိုက်မှာ register လုပ်ဖို့ တစ်ယွမ်သာ ကုန်ကျမှာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း  အင်တာနက် လိမ်လည်မှုစုစုပေါင်းမှာ ယွမ်သန်းပေါင်း ၃၅၀ ခန့်အထိ ပါဝင်ပတ်သက်မှုတွေရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ၈၀ ခုနဲ့ ၉၀ ခုနှစ်ကြားမွေးဖွားသူတွေဟာ အဓိက အင်တာနက်အသုံးပြုသူတွေပဲဖြစ်ပါတယ်။သူတို့ဟာ အင်တာ နက်မှ လိမ်လည်မှုတွေရဲ့ အဓိကသားကောင်တွေလည်းဖြစ်ပါတယ်လို့ အတုအပဆန့်ကျင်ရေး ဝက်ဘ်ဆိ်ုက်ကျွမ်းကျင်သူ လွီယန်က ပြောပါတယ်။

 

 အင်တာနက်ရဲ့ သားကောင်ပေါင်း ၆၅ ဒသမ ၆ ရာခိုင်နှုန်းခန့် အတုအပ ထောင်ချောက်ထဲမှာ ပစ်ကျကြ တာပဲလို့လည်း ဆိုပါတယ်။အဲဒီရာစုနှစ်တွေမှာ မွေးဖွားသူတွေဟာ အင်တာနက်လိမ်လည်မှုရဲ့ သားကောင် အဖြစ် ပစ်မှတ်ထားခံနေရတယ်လို့ သူက သတိပေးထားပါတယ်။

 

(MDN)
ကိုးကား-ဆင်ဟွာ