မကွေး ၁၆ ဒီဇင်ဘာ
Ooredoo Myanmar သည် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်ကစတင်၍ ပြည်သူ့အကျိုးပြု လုပ်ငန်းများ တစ်စိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် CSR စီမံကိန်း လုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ လူငယ်များနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ် မှစ၍ ယခုချိန်အထိ အဓိကထား ဆောင်ရွက်နေသည့် Project တစ်ခုမှာ မြန်မာပြည်တွင် ရှိသော စာကြည့်တိုက်များကို ပြန်လည် ရှင်သန်အောင် လုပ်ဆောင်နေသည့် အဖွဲ့အစည်း Myanmar Book Aid & Preservation Foundation (MBAPF)နှင့် ပူးပေါင်း၍ ပြည်သူ့စာကြည့်တိုက်များကို ထောက်ပံ့ပေးလာခဲ့သည်။
ထို Project သင်တန်း အထောက်အပံ့များ၊ Digital Devices များ၊ Tablet များနှင့် ကွန်ပျူတာများ ထောက်ပံ့ ပေးခဲ့သည်။ တစ်နည်းအားဖြင့် စာကြည့်တိုက်များကို သမာရိုးကျ စာကြည့်တိုက် လုပ်ငန်း များမှ Digital Community Center အဖြစ် ပြောင်းလဲလာစေရန် လုပ်ဆောင်ခဲ့သည်။
မကွေးတက္ကသိုလ်တွင် ကျင်းပလျက်ရှိသော လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် Ooredoo Myanmar မှ ပြည်သူ့စာကြည့်တိုက်များ Digital စနစ်သို့ ကူးပြောင်းရေးနှင့် ရွေ့လျားစာကြည့်တိုက် သုံးဘီးယာဉ်များ အသုံးပြု၍ ပြည်သူများအား အသိပညာပေး ဆောင်ရွက်မှု လုပ်ငန်းများကို ပြသလျက်ရှိသည်။
အဆိုပါ လုပ်ငန်းများနှင့် ပတ်သက်၍ Ooredoo Myanmar မှ Head of Corporate Communications ဖြစ်သူ ဉီးတင့်နိုင်ထွဋ်က “ယခုပွဲတော်မှာ စာကြည့်တိုက် Project ရဲ့ Life Time လေးနဲ့ ပြသ ထားပါတယ်။ ပထမဦးဆုံး စခဲ့တာက စာကြည့်တိုက် ၅၅ လုံး ထောက်ပံ့ခဲ့ပါတယ်။ ဒီထက်တိုးပြီး ထောက်ပံ့ခဲ့တဲ့အချိန်မှာ ၂၀၁၉ တွင် စာကြည့်တိုက်ပေါင်း ၂၁၀ ကို ထောက်ပံ့ပေးပြီး ဖြစ်ပါတယ်။ အဲဒါနဲ့ လှုပ်ရှားလာခဲ့တဲ့ပုံနဲ့ စာကြည့်တိုက်မှာ အသုံးချလို့ ဘယ်လိုအကျိုးရှိလာတယ်ဆိုတဲ့ Survey တွေ ပြထားပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းရှိ Digital စာကြည့်တိုက်လုပ်ငန်းစဉ်ပြမြေပုံဖြင့် လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် စာကြည့်တိုက် များ၏ တည်နေရာများကိုလည်း ပြသထားပါတယ်။
ဒါ့အပြင် Tech Age Girls ဆိုသည့် အစီအစဉ် တစ်ခုလည်း ရှိပြီး Library Project ထဲကနေ ပေါက်ပွား လာတဲ့ project တစ်ခုပါ။ မိန်းကလေးငယ်လေးတွေ ဖြစ်တဲ့ အသက် ၁၆ နှစ်ကနေ ၂၀ နှစ် အတွင်းရှိ သူတွေကို မြေတောင်မြှောက်ပေးတာပေါ့။ Technology နှင့်ပတ်သက်တယ်။ Leadership နှင့် ပတ်သက်သည့် Train တဲ့ Program တွေ ရှိပါတယ်။ ဒီ Program မှာ Myanmar Book Aid & Preservation Foundation (MBAPF) နဲ့ အမေရိကန် NGO တစ်ခုနဲ့ ပေါင်းပြီးတော့ ဆောင်ရွက်ခဲ့တာပါ။ Partially အရင် ထောက်ပံ့ခဲ့ပါတယ်။ စာကြည့်တိုက် Connection အနေနဲ့ Digital Devices တွေကို ထောက်ပံ့လာတဲ့အချိန်မှာ ၂၀၁၉ ခုနှစ်မှာ Program ကို အလုံးစုံ ထောက်ပံ့ခဲ့ပါတယ်။

အခုဘေးမှာ ပြသထားတာတော့ Mobile Library ထဲက နောက်တစ်ခုဖြစ်တဲ့ Moving Library ပေါ့။ Library Project ထဲကနေပြီးတော့ သုံးဘီးနဲ့ မိုဘိုင်းစာကြည့်တိုက် လုပ်ထားတာရှိပါတယ်။ ကျွန်တော်တို့ Pilot အနေနဲ့ လုပ်ထားတယ်။ ဒီ Project တွေ အားလုံးဆက်နွယ်တယ်လို့ ပြောချင် ပါတယ်။ Tech Age ကပဲ အမျိုးသမီးငယ် တစ်ယောက် ဟာ သူရဲ့ကိုယ်ပိုင် ဆိုင်ကယ်လေးနဲ့ပဲ စာအုပ်တွေကို တင်ပြီး မသွားနိုင်တဲ့ ကလေးတွေရှိတဲ့ ကျောင်းတွေ၊ သီလရှင်ကျောင်းတွေမှာ သွားရောက် လုပ်ပေးနေတာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ က Support လုပ်ထားပေးခဲ့တာပါ။ ဒီ Project ကိုလည်းရှေ့ဆက်တိုးချဲ့သွားဖို့ ရှိပါတယ်။ အစောက ပြောခဲ့တဲ့ Library တွေကိုလဲ ကျွန်တော်တို့ ထောက်ပံ့ပေးခဲ့ပါတယ်။ MBAPF ကနေတစ်ဆင့် ထောက်ပံ့ခဲ့တာပါ။ အဲဒီထဲမှာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနက စာကြည့်တိုက်တော်တော်များများ ပါပါတယ်။ အလုံး (၅၀) ကျော် ရှိပါတယ်။ ပြည်သူ့ စာကြည့်တိုက်တွေကို support လုပ်ပေးထားခဲ့ပါတယ်။ ရပ်ရွာက ကိုယ်ထူကိုယ်ထ စာကြည့်တိုက်တွေ ရှိတယ်။ပြန်/ဆက် စာကြည့်တိုက်တွေကိုလည်း ကူညီ ထောက်ပံ့ခဲ့တာ ရှိပါတယ်။ ဒါကြောင့် အတူလက်တွဲ လုပ်ကိုင်နေတဲ့အဖွဲ့အစည်းတစ်ခုလို့ ပြောလို့ ရပါတယ်”ဟု ရှင်းပြခဲ့သည်။
လူငယ်ဘက်စုံ ဖွံဖြိုးရေးပွဲတော် (မကွေး)သို့ လာရောက်ကြသည့် လူငယ်များအား Ooredoo Myanmar မှ ငွေကျပ် သိန်း(၉၀)တန်ဖိုးရှိ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်(မကွေး) အထိမ်းအမှတ် အမှတ်တရ Tshirt (၅၀ဝ၀)ထည် ကိုလည်း ဝေငှပေးခဲ့သည်။
လင်းဟန်ဇေ
ဓာတ်ပုံ − ဝေလျံ၊ ရဲမိုး