မကွေး  ၁၃    ဒီဇင်ဘာ  

မကွေးတိုင်းဒေသကြီး မကွေးတက္ကသိုလ်တွင် ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပမည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မကွေး) ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့် နေမှုများကို ယနေ့နံနက်  ၉ နာရီ တွင် မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခမ်းမရှေ့၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးသည်။

 

a

 

တိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဘွဲ့နှင်းသဘင်ခန်းမရှေ့၌ ပြုလုပ်မည့် ဖွင့်ပွဲအခမ်းအနားအတွက် ဖဲကြိုးဖြတ်ရန် အစမ်းလေ့ကျင့်နေမှုများ၊ ဘွဲ့နှင်းသဘင်ခန်းမ အတွင်း ကျင်းပပြုလုပ်မည့် ဖျော်ဖြေရေးအစီစဉ်များ၊ ထူးချွန်လူငယ်မောင်မယ်များအား ဆုချီးမြှင့်ရန် ဇာတ်တိုက်လေ့ကျင့်နေမှုများနှင့် ပွဲတော်အတွင်းပြသမည့်ပြခန်းများ ခင်းကျင်း ပြသထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

a

 

ဝေလျှံ