မကွေး ၁၅ ဒီဇင်ဘာ 

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)ကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ မကွေးတက္ကသိုလ်၌ ကျင်းပလျက်ရှိပြီး ပြခန်းပေါင်း ၅၄ ခန်းနှင့် စာအုပ်အရောင်းဆိုင်များ ခင်းကျင်းပြသပေးလျက်ရှိသည်။

 

02651

 

မကွေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီကလည်း ပြခန်းခင်းကျင်းပြသလျက်ရှိပြီး မေးခွန်းအရေအတွက် ဖြေဆိုနိုင်မှုအရ ခဲတံ၊ ဘော့ပင်၊ စာအုပ်၊ အရုပ်များ လက်ဆောင်ပေးကြောင်း မကွေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ အတွင်းရေးမှူး ကိုဝေယံအောင်၏ ပြောကြားချက်အရ သိရသည်။

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ဒုတိယနေ့ ဆက်လက်ကျင်းပနေပြီး လာရောက်လေ့လာသည့် လူငယ်များနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ကိုဇော်(ဓာတု)