မော်လိုက် ၁၈ နိုဝင်ဘာ       

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်းရှိ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးတို့အတွက် ခရိုင်/မြို့နယ်အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ပူးပေါင်းဖွင့်လှစ်သည့် မူကြိုဆရာ/ဆရာမသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မော်လိုက်ခရိုင် အမျိုးသမီး ရေးရာအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။   

အခမ်းအနားတွင် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်က အဖွင့် အမှာစကား ပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ကျောင်းအုပ် ဒေါ်သင်းနုအေး က မူကြိုဆရာ/ဆရာမသင်တန်းကို မော်လိုက်မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေး ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။

အဆိုပါ မူကြိုဆရာ/ဆရာမ သင်တန်းသို့ မော်လိုက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ လူငယ်လူရွယ် စုစုပေါင်း ၁၀၁ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှ ရက်သတ္တပတ်(၃)ပတ် ကြာမြင့် မည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသက်မြင့်ဦး၊ ခရိုင်/မြို့နယ်အဆင့် ဌာဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြဆရာမနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မော်လိုက်သားလေး