နေပြည်တော်   ဒီဇင်ဘာ   ၁၆

 

လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်  ရည်ရွယ်၍ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ ညှိနှိုင်းအစည်း အဝေး အမှတ်စဉ် (၁/၂၀၂၂) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရုံးအမှတ်(၃၁) အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ   မြန်မာနိုင်ငံ  လူငယ် ရေးရာ        ဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်    လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက    တိုင်းပြည်၏ အခန်းကဏ္ဍအားလုံး  ပခုံးပြောင်း တာဝန်ထမ်းဆောင်မည့် လူငယ် များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့်   နိုင်ငံ့သားကောင်းလူငယ် များ ပေါ်ထွန်းလာစေရေးအတွက် စနစ်တကျ ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊   လူငယ်များ၏ အခွင့်အရေးအပြည့်အဝရရှိစေရန်၊ အခန်းကဏ္ဍ  မြှင့်တင်ရန်တို့ကို အကောင်အထည်ဖော်   ဆောင် ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ လူငယ်ရေးရာ   ဗဟိုကော်မတီ၊ မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်း ကော်မတီနှင့်     နေပြည်တော် ကောင်စီ၊    တိုင်းဒေသကြီးနှင့် ပြည်နယ် လူငယ်ရေးရာကော်မတီ တို့ကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း။

 

လူငယ်ရေးရာမူဝါဒတွင် ပါရှိ သည့် အဓိကကဏ္ဍ  (၁၆) ရပ်ကို ထိရောက်စွာ   အကောင်အထည် ဖော်  ဆောင်ရွက်နိုင်ရန်   ခရိုင်/ မြို့နယ်      ကော်မတီများကို စနစ်တကျ  ဖွဲ့စည်းထားရှိရေး၊ ကော်မတီ၏ လုပ်ငန်းတာဝန်များ ကို      ကော်မတီအဖွဲ့ဝင်များက ထဲထဲဝင်ဝင်    သိရှိနားလည်ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်နှင့်အညီ လူငယ်များ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး  လုပ်ငန်းများ ကို  လျင်လျင်မြန်မြန်  အကောင် အထည်ဖော်  ဆောင်ရွက်ရန်နှင့် လူငယ်များကို   အားကစားနှင့် စည်းရုံးလှုံ့ဆော်ပြီး    စနစ်တကျ ပြန်လည်ပြုစု ပျိုးထောင်ပေးရန်လိုကြောင်း၊  တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လူငယ်စင်တာ များထူထောင်ရန် လိုအပ်ကြောင်း၊ မသန်စွမ်းလူငယ်များ၏   အခွင့် အရေးများကို  ကာကွယ်ရေးနှင့် ဘဝမြှင့်တင်ပေး နိုင်ရေးကိုလည်း ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ နိုင်ငံတကာ  လူငယ်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့်    ထိတွေ့ဆက်ဆံပြီး   လူငယ်များအကျိုးအတွက် ပိုမိုဆောင်ရွက် သွားရန်လိုကြောင်း၊ မြန်မာနိုင်ငံ လူငယ်ရေးရာ    ဗဟိုကော်မတီဝင်များ အားလုံးနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်      ပြည်နယ် လူငယ်ရေးရာ ကော်မတီဝင်များ အားလုံး ဝိုင်းဝန်းအကြံပြုဆွေးနွေး ပေးကြရန် ပြောကြားသည်။

 

ဆက်လက်ပြီး    မြန်မာနိုင်ငံ လူငယ်ရေးရာ     ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌများ   ဖြစ်ကြသော ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ဒေါက်တာညွန့်ဖေ၊ သိပ္ပံနှင့်  နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်     ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်တို့က မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ၏ ရှေ့လုပ်ငန်းစဉ် များကို အကောင်အထည်ဖော်     ဆောင်နိုင်ရေး အတွက် တာဝန်ရှိသူများအားလုံး ကျရာအခန်းကဏ္ဍမှ   ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း    ဆွေးနွေးပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ လူငယ် ရေးရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက  လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ၊   မဟာဗျူဟာစီမံချက်များ၊ ရှေ့ဆက်လက်  ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်   ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့    တက်ရောက်လာကြသော    ဗဟိုကော်မတီအဖွဲ့ဝင်များ၊   နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ လူငယ်ရေးရာကော်မတီ  ဥက္ကဋ္ဌများ၊      ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက   လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို       ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီး    ဦးမင်းသိန်းဇံနှင့်    ဒုတိယဥက္ကဋ္ဌတို့က လိုအပ်သည်များ ထပ်မံဖြည့်စွက် ဆွေးနွေးပြောကြားကြောင်း သိရသည်။

သတင်းစဉ်