ကောလင်း  ၂၈  နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် မင်းချမ်း အခြေခံပညာအထက်တန်းကျောင်း၌  “လူငယ်နှင့် ဘက်စုံဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ယမန်နေ့ မွန်းလွဲ  ၁ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

 

0622

 

အခမ်းအနားတွင် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းတို့က အမှာစကား ပြောကြားပြီး ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုမောင်က “လူငယ်နှင့် ဘက်စုံဖွံ့ဖြိုးရေး” ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ 

 

7869

 

ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသူရလှိုင်က လူငယ်နှင့် အားကစား ဆောင်ရွက်ခြင်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူးများအကြောင်း၊ မြို့နယ် စားသုံးသူ ရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ကြိုင်က စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံး ရာတွင် ဘေးကင်းလုံခြုံစေရေးအတွက် သိရှိလိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်များနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အခွင့်အရေးအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသော အကြောင်းအရာများကို မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားပေးခဲ့သည်။

အခမ်းအနားကို ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

မြင့်ထွန်းမင်း(ပြန်/ဆက်)