သထုံ ၂၅ အောက်တိုဘာ
မွန်ပြည်နယ်၊ သထုံမြို့၊ အထက(၃)ကျောင်း၊ ကုမုဒြာခန်းမတွင် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများတို့ ပူးပေါင်းကာ “လူငယ်နှင့်မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ (Public Talk)ကို အောက်တိုဘာလ ၂၉ ရက်၊ နံနက် ၉ နာရီခွဲမှ စတင်ကာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် သထုံမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်၊ သထုံမဲဆန္ဒနယ်မြေအမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေး၊ သထုံခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သင်းသင်းအိနှင့် ခရိုင်ဥပဒေအရာရှိ ဒေါ်တင်နီလာခိုင်တို့က ဦးဆောင်ဆွေးနွေးကြမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် စိတ်ပါဝင်စားသူများတို့ကလည်း ပါဝင်ဆွေးနွေးသွားကြမည်ဖြစ်ကာ မည်သူမဆို တက်ရောက်ဆွေးနွေးနိုင်ကြောင်း သိရသည်။
သက်ဦး(သထုံ)


