လှိုင်းဘွဲ   ၁၀  ဇန်နဝါရီ 

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ကို တာပေါင်ကျေးရွာအုပ်စု ကော့ပေါ ကျေးရွာ အလကကျောင်း ပညာမျက်မှန်ခန်းမ၌ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါပြည်သူ့စကားဝိုင်းတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က မူးယစ်ဆေးဝါးနှင့် မူဝါဒ၊ ကျန်းမာရေးဦးစီးဌာနက မူးယစ်ဆေးဝါးနှင့် ကျန်းမာရေးအခန်းကဏ္ဍ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး အကြောင်း သိကောင်းရာများ၊ မြို့နယ်ဥပဒေအရာရှိက မူးယစ်ဆေးဝါးနှင့် ဥပဒေရေးရာအဖြာဖြာ၊ မူးယစ်ဆန့်ကျင်ရေးအသင်းက မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ လူငယ်ကွန်ယက်အဖွဲ့က လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြမည်ဖြစ်ပြီး အဆိုပါပြည်သူ့စကားဝိုင်း (Public Talk)ဆွေးနွေးပွဲသို့ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်ဆွေးနွေးနိုင်ပါကြောင်း သိရှိရပါသည်။

 

မြို့နယ် (ပြန်/ဆက်)