မန္တလေး ၁၃ ဩဂုတ်
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် နောက်ဆုံးနေ့။
ပွဲတော်ကျင်းပရာ မန္တလေးတက္ကသိုလ်ဝင်းအတွင်း လူငယ်လူရွယ်များဖြင့် စည်ကားသိုက်မြိုက်လျက်ရှိသည်။ ပွဲတော်နောက်ဆုံးနေ့လည်းဖြစ်၊ ကျောင်းဖွင့်ရက်လည်း တိုက်ဆိုင်နေရာ မန္တလေးမြို့ပေါ်မှ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ပညာသင်ကျောင်းများမှ ကျောင်းသားကျောင်းသူများ၊ တက္ကသိုလ်ကောလိပ်များမှ ကျောင်းသားကျောင်းသူများ ပြည်သူများဖြင့် ယခင်ရက်များကထက် ပိုမိုစည်ကားလျက်ရှိသည်။ လူငယ်ပွဲတော်သို့ လာရောက် ဖျော်ဖြေသူ၊ လေ့လာသူ ကျောင်းသားကျောင်းသူအချို့နှင့်တွေ့ဆုံကာ လူငယ်ပွဲတော်နှင့်ပတ်သက်၍ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ပါသည်။
ဒေါ်သန်းမြင့်အောင် [ဒုတိယဥက္ကဋ္ဌ (၁)]
[ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း]
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မန္တလေး)ရဲ့ နောက်ဆုံးရက်မှာတော့ ရင်ခွင့်မဲ့ကလေးငယ်များ လျှော့ချရေးနဲ့ ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှုအဖြစ် လူငယ်တွေကို ဉာဏ်စမ်းပဟေဠိတွေ ဖြေဆိုစေခဲ့ပြီး အများဆုံးအမှန်ဖြေဆိုနိုင်တဲ့သူတွေကို ဆုချီးမြှင့်ခဲ့ပါတယ်။ လူငယ်တွေကြားမှာ သားဆက်ခြားရေး အသိပညာပေးမှုတွေ ပြန့်ပွားအောင် လုပ်ဆောင်နေပါတယ်။ လူငယ်တွေကြားမှာလည်း ပြဿနာတွေ အနည်းအများတော့ ရှိကြတာပဲ။ ဒီလိုပဲ အိမ်ထောင်သည်တွေကြားမှာလည်း ပြဿနာတွေ ရှိကြတယ်။ လူမှုရေး၊ စီးပွားရေး တွေအရ သားသမီးတွေကို စနစ်တကျရယူမှု၊ ထိန်းသိမ်းစောင့်ရှောက်နိုင်မှု မလုပ်နိုင်ကြပါဘူး။ သားဆက်ခြားခြင်းအားဖြင့် ရရှိမယ့်အကျိုးကျေးဇူးတွေက မိဘရော မွေးဖွားလာမယ့် သားသမီးတွေအတွက်ရော ကောင်းတဲ့ အကျိုးတရားတွေ ရရှိစေမှာပါ။ အခုခေတ်မှာ လူငယ်တွေအနေနဲ့ ဖေ့စ်ဘွတ်တွေ၊ အင်တာနက်တွေကို တလွဲအသုံးပြုမှုတွေကြောင့် မမှားသင့်တာတွေ မှားလာကြတယ်။ မူးယစ်ဆေးဝါးသုံးစွဲမှုတွေကြောင့်လည်း လမ်းမှားတွေ ရောက်ကြတယ်။ အရွယ်ရောက်လာတဲ့ ယောကျာ်းလေး၊ မိန်းကလေးတွေအားလုံး သားဆက်ခြားမှုအသိပညာတွေ သိထားသင့်ပါတယ်။ ဒါကြောင့် ဒီလိုလူငယ်ပွဲတော်မှာ သားဆက်ခြားမှု အသိပညာတွေ ဖြန့်ဝေပေးခြင်း အားဖြင့် သူတို့လေးတွေ အသိတရားတွေရရှိသွားစေမှာ ဖြစ်ပါတယ်။ လူငယ်တွေဆိုတာ ဘက်ပေါင်းစုံက အသိပညာ၊ အတက်ပညာတွေ လေ့လာစည်းပူးထားဖို့၊ သိရှိထားဖို့ လိုအပ်ပါတယ်။ ဒီလိုလူငယ်ပွဲတော်တွေ လုပ်ပေးတယ်ဆိုတာကလည်း ကိုယ်တိုင်ပါဝင် လေ့လာသိရှိနိုင်အောင်လို့ ဖြစ်ပါတယ်။
မဇင်မာအေး
(တတိယနှစ်၊ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး တက္ကသိုလ်)
"အခုလို ကြုံတောင့်ကြုံခဲ လူငယ်ပွဲတော်ကို လာရောက်ဆင်နွှဲရတဲ့အတွက် ဝမ်းသာပျော်ရွင်ရပါတယ်။ အခုလို လူငယ်တွေအတွက် ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကျင်းပတာဟာ သမီးတို့ လူငယ်တွေအတွက် စွမ်းဆောင်ရည်မြင့်မား ပြီး အသိပညာÓဏ်နဲ့ ပြည့်စုံတဲ့ လူငယ်တွေ ဖြစ်အောင် တွန်းအားပေးတဲ့ပွဲလို့ ခံယူမိပါတယ်။ သမီးတို့အနေနဲ့လည်း လူငယ်ဘဝမှာ အသိပညာ၊ အတက်ပညာတွေ ပြည့်စုံအောင် အတက်နိုင်ဆုံး ဖြည့်ဆည်းကြိုးစားသွားဖို့ လိုအပ်တယ်ဆိုတာ ဒီပွဲတော်တွေကတစ်ဆင့် အသိတရားတွေ ပိုမိုရရှိစေပါတယ်။ သမီးတို့ကတော့ လူငယ်အရွယ်ကတည်းက ကျန်းမာရေးကောင်းမွန်ပြီး အရည်အချင်းပြည့်ဝတဲ့ သူတစ်ယောက်အဖြစ် ကြိုးစားဆောင်ရွက် လေ့လာဆည်းပူး နေပါတယ်။ ဒီလိုလူငယ်ပွဲတော်မျိုးကို လူငယ်တွေ လာရောက်လေ့လာစေချင်ပါတယ်။"
လွေးဆိုင်းဟာ (ပထမနှစ်၊ ပထဝီဝင်)
[ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်]
"ဒီလိုပွဲတော်ကတော့ သမီးတို့လို လူငယ် တွေအတွက် အသိတရားတွေ ရရှိစေတဲ့ပွဲလို့ မြင်မိပါတယ်။ လူငယ်တွေဟာ ကျန်းမာကြံ့ခိုင် ရမယ်၊ ဗဟုသုတြွကယ်ဝရမယ်။ တစ်ဦးနဲ့ တစ်ဦး ဆက်ဆံရေး ကောင်းမွန်ဖို့လည်း လိုအပ်တာကို ဒီလိုပွဲတော်မျိုးက သတိပေးနေ သလိုပါပဲ။ ဒီပွဲတော်မှာ ပါဝင်ဆင်နွှဲခွင့်ရလို့လည်း ဘဝမှာ ဖြည့်ဆည်းဖို့လိုအပ်နေသေးတဲ့ အတွေးအခေါ်တွေနဲ့ အသိပညာတွေ အများကြီး ရှိနေပါသေးတယ်ဆိုတာ နားလည်မိပါတယ်။ စွမ်းရည်ပြည့်ဝ တန်ဖိုးရှိတဲ့ လူငယ်တစ်ဦးအဖြစ် ကြိုးစားသွားမှာပါ။ သမီးတို့လို လူငယ်တွေ အနေနဲ့လည်း ဒီလိုလူငယ်ပွဲတော်ကတစ်ဆင့် အသိတရားနဲ့ ဗဟုသုတတွေ ပိုမိုဖြည့်ဆည်းဖို့ လိုအပ်တယ်ဆိုတာ တွန်းအားပေးလိုက်သလိုပါပဲ။"
မီမီဝင်းဖေ (အဆိုတော်)
"ဒီလူငယ်ပွဲတော်ရဲ့ နောက်ဆုံးရက်မှာ လာရောက်သီဆို ဖျော်ဖြေပေးတာပါ။ အရင် လူငယ်ပွဲတော်မှာတော့ မဖျော်ဖြေဖြစ်ခဲ့ပါဘူး။ လူငယ်တွေကို သီဆိုဖျော်ဖြေခွင့်ရတာ တကယ် ပျော်ရွှင်ကြည်နူးဖို့လည်း ကောင်းပါတယ်။ လူငယ်တွေ အနေနဲ့ ကိုယ့်ရဲ့ငယ်ရွယ်နုပျိုတဲ့အချိန် ကို တန်ဖိုးရှိစွာ အသုံးချသင့်ပါတယ်။ ကိုယ် ဝါသနာပါရာအလုပ်မှာ ထူးချွန်အောင်မြင်အောင် ဇွဲရှိရှိနဲ့ ကြိုးစားအားထုတ် စေချင်ပါတယ်။ ကိုယ့်ရဲ့ ငယ်ရွယ်နုပျိုချိန်ကို သတိရှိရှိနဲ့ တန်ဖိုး ထားပြီး ဘဝတစ်လျှောက်လုံး အောင်မြင်စွာ ဖြတ်သန်းနိုင်ဖို့ အခုအရွယ်ကတည်းက အရည် အချင်းကောင်းတွေ ဖြည့်ဆည်းဖို့၊ ဆည်းပူးနေဖို့ လိုအပ်ပါတယ်။ လူငယ်တွေရဲ့ တန်ဖိုးကို သိရှိလို့လည်း နိုင်ငံတော်က အခုလို လူငယ်ပွဲတော်တွေ ကျင်းပပေးပြီး စွမ်းရည်ပြည့်ဝသူတွေအဖြစ် အသိကိန်းအောင်းနိုင်အောင် ဆောင်ရွက်ပေးတာလို့လည်း ယုံကြည်ပါတယ်။ လူငယ်ဘဝတန်ဖိုး ဘယ်လောက်အထိ ကြီးမားတယ်ဆိုတာ အခုအချိန်ကတည်းက သိရှိနားလည်အောင် နေထိုင်လေ့လာဆည်းပူးဖို့ လိုအပ်ပါတယ်။ ဒါမှ နောင်တစ်ချိန်လူကြီးဖြစ်လာတဲ့အခါ စွမ်းရည်ပြည့်ဝတဲ့ နိုင်ငံ့သားကောင်းတွေ ဖြစ်လာမှာပါ။"
ပါရ်ဂျူးသွယ် (သတ္တမတန်း၊ အလက-၄)
အောင်မြေသာဇံမြို့နယ်
လူငယ်ပွဲတော်ကို ပထမဆုံးအကြိမ်လာရောက်ခြင်း ဖြစ်ပါတယ်။ ဒီပွဲတော်မှာ ပြခန်းတွေလည်း အများကြီး၊ အားကစားပြိုင်ပွဲတွေ လည်း အများကြီးပါဝင်လို့ ပျော်ရပါတယ်။ ပြခန်းတွေက စိတ်ဝင်စားဖို့ကောင်းပြီး မှတ်သားစရာတွေ၊ စိတ်ဝင်စားစရာတွေ များပါတယ်။ စာအုပ်တွေလည်း အများကြီးတွေ့ရတော့ လူငယ်တွေ စာဖတ်ဖို့လိုတယ်ဆိုတာ သတိပြုမိပါတယ်။ လူငယ်တိုင်း ကျန်းမာသန်စွမ်းဖို့အတွက် အားကစားလှုပ်ရှားမှုတွေမှာလည်း ပါဝင်ဖို့လိုပါတယ်။ ကျန်းမာပြီး အသိပညာ၊ အတက်ပညာ ပြည့်ဝမှ မိမိဘဝကိုရော၊ မိသားစုဘဝသာမက နိုင်ငံတော်အတွက်ပါ တန်ဖိုးရှိတဲ့ လူငယ်တွေဖြစ်လာမှာပါ။
မဆွေဆွေဝင်း
(တတိယနှစ်၊ သူနာပြုတက္ကသိုလ်)
"လူငယ်တွေအတွက် အဓိကရည်ရွယ်ပြီး ကျင်းပတဲ့ပွဲတော် ဖြစ်တာမို့ သမီးတို့လည်း လာရေက်ဆင်နွှဲခြင်း ဖြစ်ပါတယ်။ ဒီပွဲတော်မှာ ပါဝင်ပြသထားတဲ့ ပြခန်းတွေက လူငယ်တွေအတွက် စိတ်ဝင်စားစရာကောင်းပြီး ဗဟုသုတ လည်းရရှိစေပါတယ်။ အထူးသဖြင့် စာအုပ် အရောင်းပြခန်းတွေမှာ ခင်းကျင်းပြသထားတဲ့ စာအုပ်တွေက လူငယ်တွေအတွက် စာဖတ်ဖို့၊ စာဖတ်ဖို့စိတ်ကိုဖြစ်ပေါ်စေအာင်လည်း နိုးကြား စေဖို့ လိုပါတယ်။ ဒါ့အပြင် ဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးနေကြတဲ့ လူငယ်တွေကို ကြည့် ပြီး အားကျစိတ်လည်း ဖြစ်ရပါတယ်။ အား ကစားပြိုင်ပွဲတွေလည်း ထည့်သွင်းကျင်းပပေး ထားတာမို့ လူငယ်တွေ ကျန်းမာသန်စွမ်းဖို့လို အပ်တယ်ဆိုတာကိုလည်း သတိပြု အလေးထား စရာ ဖြစ်ပါတယ်။"
သတင်းစဉ်