နေပြည်တော်   ဧပြီ   ၁၇

လူငယ်ရေးရာဝန်ကြီးဌာန၏ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာ့နှစ်သစ်ကူးအခါသမယ ဇီဝိတဒါနအဖြစ် ငါးလွှတ်ခြင်းနှင့် ငှက်လွှတ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)နှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပရိဝုဏ်အတွင်းရှိ အမှတ်(၁) ရေကန်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာမောင်သင်း၊ ဒုတိယဝန်ကြီးဦးစစ်နိုင်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းဝန်ထမ်းများက ဇီဝိတဒါနအဖြစ် အမှတ်(၁) ရေကန်အတွင်း ငါးကြင်းရွှေဝါ သားပေါက်ကောင်ရေ  ၉၀၀၀ ကိုလည်းကောင်း၊ ငှက်ကောင်ရေ ၆၉ ကောင်ကို လည်းကောင်း ကုသိုလ်ဖြစ် ဘေးမဲ့လွှတ်ပေးကြသည်။

လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သတ္တဝါများ အသက်ရှင်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ဇီဝိတဒါနငါးလွှတ်ခြင်းအခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်