မန္တလေး   ဧပြီ   ၂၃

မျိုးဆက်သစ်ဘော်လီဘောအားကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွန်းရေးအတွက် မြန်မာနိုင်ငံဘော်လီဘောအားကစားအဖွဲ့ချုပ် နည်းပြဆရာကြီး(အား/ကာသိပ္ပံ) လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်ဝေက ယနေ့နံနက်ပိုင်းတွင် ဘော်လီဘောသင်တန်းသားလူငယ်များ၊    အမျိုးသမီးသင်တန်းသူများကို သတ်မှတ်အချိန်ပိုင်းအလိုက် သက်ဆိုင်ရာ သင်တန်းကျောင်းများ တွင်  အခြေခံဘော်လီဘောအားကစားနည်းစနစ်များ စနစ်တကျ သင်ကြားပို့ချပေးခဲ့သည်၊၊

ထို့နောက် သင်တန်းသား သင်တန်းသူများ စဉ်ဆက်မပြတ်လေ့ကျင့်ကစားရန်အတွက်   မြန်မာနိုင်ငံ ဘော်လီဘောအားကစားအဖွဲ့ချုပ်က  ထောက်ပံ့သည့်  ဘော်လီဘော ဘောလုံးများနှင့် ဘော်လီဘောပိုက်များကို သင်တန်းကျောင်းတာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်၊၊

တင်မောင်-မန္တလေး