လူငယ်သုံးဦးအား မသင်္ကာ၍ စစ်ဆေးရာမှ ဆိုင်ကယ်တစ်စီး၊ ဖုန်းတစ်လုံးနှင့် ငွေစက္ကူများဖမ်းမိ

ကျောက်ကြီး  ၂၂  ဧပြီ

 

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းမြို့(၄)ရပ်ကွက် အေးစန္ဒာလမ်းမပေါ်တွင် ဧပြီ ၂၁ ည ၁၁ နာရီခန့်က လူငယ်သုံးဦးအား မသင်္ကာ၍ စစ်ဆေးရာမှ ဆိုင်ကယ်တစ်စီး၊ ဖုန်းတစ်လုံးနှင့် ငွေစက္ကူများ အထောက်အထား မပြနိုင်၍ ဖမ်းစီးခဲ့ကြောင်း မုန်းနယ်မြေရဲစခန်းမှ သိရသည်။

 

1

 

ဖြစ်စဉ်မှာ နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်နှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လှည်ကင်းဆောင်ရွက်နေစဉ်  မုန်းမြို့(၄)ရပ်ကွက် အေးစန္ဒာလမ်းမပေါ်တွင် တုံးတောကျေးရွာနေသူ သက်ပိုင်စိုး (၁၆)နှစ် (ဘ)ဦးတင်ဦး၊ မုန်း(၅)ရပ်ကွက်နေသူများဖြစ်သော ချစ်ကိုဦး(၂၀)နှစ် (ဘ) ဦးဇော်မိုးနှင့် ဘုန်းမိုးယံ (၁၅)နှစ် (ဘ) ဦးကျော်ဟိန်းတို့အား SHANYAN အမျိုးအစား နံပတ်မပါ ဆိုင်ကယ်နှင့်အတူ တွေ့ရှိ၍ စစ်ဆေးမေးမြန်းရာ ဆိုင်ကယ်နှင့် ပတ်သက်၍ အထောက်အထား တစ်စုံတစ်ရာ ပြနိုင်ခြင်းမရှိသဖြင့် ဆက်လက်ရှာဖွေစစ်ဆေးရာ ငွေစက္ကူရောရာ ၉၁၂၀ဝ ကျပ်နှင့် MI ပန်းရောင်ဖုန်းတစ်လုံး တွေ့ရှိခဲ့၍ သက်သေများနှင့်အတူ သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့် ပတ်သက်၍ မုန်းနယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ကိုသားကြီး(ကျောက်ကြီး)