လူပေါင်း ဒါဇင်နဲ့ချီပြီး သတ်ဖြတ်ခဲ့ကြောင်း ရုရှားရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးက ဝန်ခံ

ညအချိန်မှာ အမျိုးသမီးတွေကို လမ်းကြုံတင်ခေါ်ပြီးနောက် မုဒိန်းကျင့်ပြီး လူသတ်မှုကျူးလွန်ခဲ့ကြောင်း ဒီကနေ့ (တနင်္လာနေ့) မှာ ရုရှား တရားရုံးတစ်ရုံးမှာ ရဲတပ်ဖွဲ့ဝင်ဟောင်း မီးခေး ပေါ့ကော့ က ဝန်ခံခဲ့ပါတယ်။ 

 

ပေါ့ကော့ဟာ ၁၉၉၂ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အတွင်း လူပေါင်း ၅၆ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ထပ်မံ တွေ့ရှိရတဲ့အတွက် ဒုတိယအကြိမ် ထောင်ဒဏ်တစ်သက်ချခံခြင်း ခံရပါတယ်။ ၂၀၁၅ ခုနှစ်မှာ သူဟာ အမျိုးသမီး ၂၂ ဦးကို သတ်ဖြတ်ခဲ့တာကြောင့် လက်ရှိ ထောင်ဒဏ်ကျခံနေပါတယ်။ 

 

ပေါ့ကော့ဟာ အမျိုးသမီးတွေကို သူနေထိုင်ရာ မြို့အနီးက အီခုစ် မြို့ကို လမ်းကြုံတင်ပြီးခေါ်တတ်ပါတယ်။ တစ်ခါတစ်ရံ  တာဝန်ချိန်အပြီး သူရဲ့ ရဲတပ်ဖွဲ့ဝင်ကားနဲ့ လမ်းကြုံတင်မျိုး လုပ်ဆောင်ကြောင်း သိရပါတယ်။ သူဟာ အမျိုးသမီးကို သတ်ဖြတ်ဖို့အတွက် တူနဲ့ ရဲဒင်းအပါအဝင် လက်နက်ကိရိယာကို အသုံးပြုပြီး သတ်ဖြတ်ပြီးနောက် ကိုယ်ခန္ဓာတွေကို လမ်းဘေးမှာရှိတဲ့ သချုႋင်းတစ်ခုမှာ မြှုပ်ထားပါတယ်။ 

သူဟာ အမျိုးသမီး ၁၀ ဦးကို မုဒိန်းကျင့်ခဲ့ကြောင်းလည်း ပြစ်မှုဝန်ခံခဲ့ရပါသေးတယ်။ 

 

အသက် ၅၄ နှစ်အရွယ် ဆံအဖြူရောင်နဲ့ ပေါ့ကော့က သူဟာ သူဒေသရဲ့ သန့်ရှင်းရေးသမား ဖြစ်တယ်။ ဒေသတွင်းမှာရှိတဲ့ ပြည့်တန်ဆာတွေကို သန့်ရှင်းရေ လုပ်ပေးရမယ့်သူ ဖြစ်တယ်လို့ ဆိုပါတယ်။ သူသတ်ခဲ့တဲ့ သူအားလုံးဟာ အမျိုးသမီးတွေဖြစ်ပြီး အသက် ၁၆ နှစ်ကနေ ၄၀ အတွင်းရှိ ဖြစ်တာကို တွေ့ရပါတယ်။  ရဲတပ်ဖွဲ့ဝင် တစ်ဦးကတော့ သူရဲ့သားကောင်ဖြစ်ခဲ့ပါသေးတယ်။ 

 

တရားရုံးမှာ ရုံးထုတ်လာတဲ့ ပေါ့ကော့ ရုရှားရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြတာကို တွေ့မြင်ရပါတယ်။ သူ့ကို "Black Dolphin" လို့ လူတွေက ခေါ်ကြပြီး ထောင်ဒဏ်တစ်သက်ကျခံရသူများသာ ထားလေ့ရှိတဲ့ အကျဉ်းထောင်ကို ပို့ဆောင်မှာဖြစ်ပါတယ်။ သူ့ကို ထောင်ဒဏ် တစ်သက်အပြင် ရဲတစ်ဦးအတွက် ပင်စင်လစာကိုလည်း ရုပ်သိမ်းခံရမှာဖြစ်ပါတယ်။ ဒီလိုမျိုး အပြစ်ဒဏ်ခံရတယ်ဆိုတာ အင်မတန်ဖြစ်ခဲတဲ့  အခြေအနေတစ်ခုဖြစ်ပါတယ်။ 

 

MDN

 

ကိုးကား- AFP