ဂျေရုဆလင်   ဒီဇင်ဘာ   ၂၀

အစ္စရေးနိုင်ငံက ဟားမတ်စ်အဖွဲ့နှင့် နောက်ထပ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ          အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရန်အသင့်ရှိကြောင်း   အစ္စရေးသမ္မတ   အိုင်ဇက် ဟာဂေါ့စ်က  ပြောကြားသည်။  ဂါဇာဒေသတွင်  ဓားစာခံ  ၁၃၀ ခန့် ရှိနေသေးကြောင်း သိရသည်။

အစ္စရေးတပ်ဖွဲ့များကို ခန်းယူနွတ်မြို့တွင် အင်အားအများအပြား   ထပ်မံစေလွတ်ခဲ့ပြီး   ဂါဇာ ကမ်းမြောင်တစ်လျှောက် ထိုးစစ်ဆင်မှုများကို  အရှိန်မြှင့်ဆောင်ရွက်နေသည်။  လက်ရှိအချိန်၌ ခန်းယူနွတ်မြို့တွင် အစ္စရေးတပ်ဖွဲ့များနှင့် ဟားမတ်စ် စစ်သွေးကြွအဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွား နေသည်။ လက်ရှိအချိန်တွင် ဂါဇာကမ်းမြောင်ဒေသ၌ သေဆုံးသူ ၁၉၆၆၇ ဦး အထိရှိလာကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ကျန်ရှိနေသေးသည့် ဓားစာခံများလွတ်မြောက်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆောင်ရွက်ရန်အသင့်ရှိကြောင်း အိုင်ဇက်ဟာဂေါ့စ်က ထပ်လောင်းပြောကြား သည်။

ကာတာနိုင်ငံမှ  တာဝန်ရှိသူများနှင့်  အစ္စရေးမော့ဆက် ထောက်လှမ်းရေးအကြီးအကဲတို့   တွေ့ဆုံ ဆွေးနွေးခဲ့ရာတွင် မော့ဆက်အကြီးအကဲက  သီတင်းတစ်ပတ်ကြာ အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်ရန်အတွက် အပြန်အလှန်အားဖြင့် ဓားစာခံ ၄၀ ကို လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ