ခန္တီး ၇ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ ညနေ ၃ နာရီခွဲက မူလတန်းကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်နှင့်ရင်းနှီးပြီး ဉာဏဖွံ့ဖြိုးစေရန် ပုံပြောပြိုင်ပွဲ ဆောင်ရွက်ပေးသည်။
အဆိုပါပြိုင်ပွဲတွင် ခန္တီးအထက်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူများက မိမိကြိုက်နှစ်သက်ရာ ပုံပြင်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ပုံပြောပြိုင်ပွဲတွင် ဆုရရှိကြသည့် မောင်ဟိန်းထက်အောင် “သစ်ခုတ်သမား” ပုံပြင်ဖြင့် ပထမ၊ မဝုန်လျော့လျန်း “အတယ်ဆိုတာရိုးရာဟာသ”ပုံပြင်ဖြင့် ဒုတိယနှင့် မောင်စိုးစံ အောင်က “ဆိတ်ကလေးခုနှစ်ကောင်” ပုံပြင်ဖြင့်တတိယဆုကို ရရှိကြသည်။
ဆုရသည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဗလာစာအုပ်ကို ဂုဏ်ပြုလက်ဆောင်ဆုချီးမြှင့်ပေးကာ မုန့်နှင့်ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
စနေမောင်(ခန္တီး)