ရန်ကုန် ၁၂ မတ်

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အနောက်ပိုင်းခရိုင်နှင့် ရန်ကုန်မြို့ရှိ ကာတွန်းပညာရှင်များ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်အတွင်း ကလေးများ ကာတွန်းပညာကို လေ့လာဆည်းပူးနိုင်ရန်နှင့် ကာတွန်းပညာရပ်များ ထွန်းကားလာစေရန်ရည်ရွယ်၍ နွေရာသီ အခြေခံကာတွန်းပညာသင်တန်းကို ယနေ့ နံနက် ၉ နာရီတွင် လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဗဟန်းမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကိုကိုလေးက သင်တန်းဖွင့် အမှာစကား ပြောကြားပြီး ကာတွန်းပညာရှင်များဖြစ်ကြသော ဦးပစ်တိုင်းထောင်၊ ဦးဆန်းလင်းနှင့် ဦးရဲလင်းနိုင်တို့က သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ ခရိုင်ဦးစီးအရာရှိ ဒေါ်ခိုင်ဖြိုးလင်းက သင်တန်း၏ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားကြသည်။

 

သင်တန်းကို မတ် ၁၂ ရက်မှ ဧပြီ ၃ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား ၅၀ တက်ရောက်လျက်ရှိကြောင်း သိရသည်။

 

အောင်မြင့်(ပြန်/ဆက်)