ကော့ကရိတ် ၂၃ အောက်တိုဘာ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျောင်းသားကျောင်းသူလေးများကို ဉာဏ်ရည်ဉာဏ်သွေး တိုးတက်စေရေးအတွက် ပြိုင်ပွဲနှင့်ကစားပွဲများ ကျင်းပရာ ခရိုင်ပြန်/ဆက် ဉီးစီးဌာန ဦးစီးမှူးဒေါ်ခင်မျိုး၀င်းက ကျောင်းသားကျောင်းသူလေးများအနေဖြင့် စာဖတ်ရှိန်မြှင့်တင်လာရေးနှင့် စာကြည့်တိုက်ကို အသုံးချတတ်စေရေး၊ အပြောစွမ်းရည် တိုးတက်စေရေးနှင့် စုပေါင်းဆောင်ရွက်တတ်စေရေးအတွက် ပြိုင်ပွဲ ကစားပွဲများ ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထိုနောက် ပြိုင်ပွဲများကျင်းပရာ ကျောင်းသားကျောင်းသူလေးများကို ချိုသာစွာပြောသော ကြက်တူရွေးပုံပြင်စာအုပ်၊ ဗလကြီးသောတောကြက်မပုံပြင်စာအုပ်များကို ပုံပြောပြိုင်ခြင်း၊ အက္ခရာစာလုံးနှင့် အရုပ်တွဲဂိမ်းပြိုင်ခြင်း၊ ခါးလှည့်ကွင်းကစားပြိုင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ဌာနမှ အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)