မန္တလေး ၅ ဇန်နဝါရီ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကွန်ပျူတာ (Web System) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

 

760

 

ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာမကြီး အေးအေးခိုင်(ပညာရေး)က သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြ ဦးဘုန်းမြတ်ဇော်က ဆက်လက်ဖွင့်လှစ်ပေးသွားမည့် ကွန်ပျူတာသင်တန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ သင်တန်းသား/ သင်တန်းသူ (၁၅)ဦးအား သင်တန်းနည်းပြမှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးသည်။

 

766

 

သင်တန်းများကို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ကွန်ပျူတာသင်တန်းများကိုလည်း မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အခမဲ့ ဆက်လက်ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက ပြောသည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ထပ်မံဖွင့်လှစ်မည့် ကွန်ပျူတာသင်တန်းများမှာ ကွန်ပျူတာအခြေခံသင်တန်း (Basic 2013)၊ Advance 2013၊ Excel 2013 Formula၊၊ A+ (Software and Hardware)၊ Photoshop CS6 Network Basic အစရှိသော သင်တန်းများဖြစ်ပြီး အခမဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်လိုသူများအနေဖြင့် မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင်လည်းကောင်း၊ သင်တန်းနည်းပြ ဦးဘုန်းမြတ်ဇော် ဖုန်း-၇၈၈၉၂၉၂၉၂ သို့လည်းကောင်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)