တွံတေး ၂၆ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၂၀၁၉ ခုနှစ် ကိုယ်လက်လှုပ်ရှားအားကစား၊ ကျန်းမာကြံ့ခိုင်စေပြီး ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းစေရန်အတွက် တွံတေးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အားကစား နှင့် ကာယပညာကော်မတီ နှင့် တွံတေးမြို့နယ် စက်ဘီးဝါသနာရှင်မျာအဖွဲ့ TWANTAY CYCLING CLUB – TTCC တို့ပူးပေါင်းကျင်းပသော လူထုစက်ဘီးစီးပွဲကို ဇန်နဝါရီ ၂၆ ရက် နံနက် ၅ နာရီက လွတ်လပ်ရေးကျောက်တိုင်မှ စတင်တာထွက်ကြကြောင်း သိရသည်။
ရှေးဦးစွာ ကိုယ်တိုင်ပါဝင်စီးနင်းသူ အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးနေနိုင်ဦးက လူထုစက်ဘီး စီးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းကာ မီးရှုးမီးပန်းများပစ်ဖောက်ကာ လွတ်လပ်ရေးကျောက်တိုင်မှ ဗိုလ်ချုပ်လမ်း အတိုင်းကံဘဲ့ ကျေးရွာ အ.ထ.က ကျောင်းအထိထိုမှတစ်ဆင့် ပြန်လှည့်ကာ တွံတေးမြို့အဝင်ဆိုင်းဘုတ်တွင် ပါဝင်စီးနင်းသူ များနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးပြီး လွတ်လပ်ရေးကျောက်တိုင်တွင် ပန်းပြန်ဝင်ခဲ့သည်။
အဆိုပါလူထုစက်ဘီးစီးပွဲတွင် စက်ဘီးမျိုးစုံ ၄၀ဝ စီးခန့်ပါဝင်စီးနင်းကြကာ တွံတေး - ကံဘဲ့ အသွားအပြန် (၁၂) မိုင် ကို တပျော်တပါးပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
မျိုးလှိုင် (တွံတေး)
